သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံ ဒေါ်စုတက်မည်မဟုတ်ဟု သတင်းထွက်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိဖြစ်လာနိုင်တာကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ် ဝေဖန်မှုတွေရှိလာသလို၊ လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် အထွေထွေညီလာခံအတွင်း မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာခဲ့ရင် ဒီအကြောင်း တုံ့ပြန်ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့် နောက်ဆုံးရရှိတဲ့ သတင်းအရတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အထွေထွေညီလာခံကို တက်ရောက်နိုင်မှာမဟုတ်ဘူး၊ သူ့အစား ဒုသမ္မတ ဦးဗန်ထီးယူ တက်ရောက်မယ်လို့ သိရပါတယ်။ ဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံရုံးကို မေးမြန်းပေမယ့် တရားဝင် ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

XS
SM
MD
LG