သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု သြစတြေးလျ ခရီးထွက်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သြစတြေးလျနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆစ်ဒနီမြို့၊ ကမ်ဘာရာမြို့တော်နဲ့ မဲလ်ဘုန်းမြို့တွေကို သွားရောက်ပြီး အခမ်းအနားတချို့ တက်ရောက်မှာ ဖြစ်သလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာကို ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ပြောပါတယ်။ သြစတြေးလျ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ စီစဉ်ကျင်းပတဲ့ HIV AIDS ညီလာခံကိုလည်း တက်ရောက်မှာ ဖြစ်တယ်လို့ သြစတြေးလျ ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ သြစတြေးလျနိုင်ငံက အခြေခံနဲ့ အဆင့်မြင့် ပညာရေး အကူအညီတွေအပါအဝင် လက်တွေ့ကျတဲ့ အကူအညီတွေ ပေးနေတယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။
XS
SM
MD
LG