သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှုတရားခွင် သတင်းမရ


ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်

{Zawgyi/Unicode}

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုနဲ့ Sean Turnell အပါ ငါးဦးအပေါ် စွဲချက်တင်ထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) အမှုကို ဒီကနေ့ နေပြည်တော် တရားရုံးမှာ ကြားနာ စစ်ဆေးခဲ့တာမှာ ဒီတရားခွင်နဲ့ပတ်သက်လို့ ဘာသတင်းမှ မသိရပါဘူး။ အသေးစိတ်အချက်အလက် သိနိုင်ဖို့ သူတို့ရဲ့ ရှေ့နေတွေကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အရင်အစိုးရအဖွဲ့က တာဝန် ရှိသူတွေအပေါ် စွဲချက်တင်ထားတဲ့အမှုတွေကို နေပြည်တော် သီးသန့်တရားရုံး၊ အထူးတရားရုံးတွေမှာ ကြားနာ စစ်ဆေးတာတွေ ပြုလုပ်နေတာမှာ ကြားနာမှုပြီးတိုင်း သူတို့ရဲ့ရှေ့နေတွေက အမှုသွား အမှုလာအခြေအနေတွေကို သတင်းမီဒီယာတွေကို ရှင်းပြပေးလေ့ရှိပေမယ့် ဒီကနေ့မှာတော့ ရှေ့နေတွေဘက်က မီဒီယာတွေကို တစုံတရာ ထုတ်ဖော် ပြောဆိုတာမရှိသလို သူတို့ကို ဆက်သွယ် လို့လည်း မရခဲ့ပါဘူး။

နေပြည်တော်မှာ စတင်စစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားတဲ့ အဂတိလိုက်စားမှု ၄ မှု ကိုတော့ အောက်တိုဘာ ၈ ရက် မနက်ဖြန် သောကြာနေ့ကျရင် နေပြည်တော် သီးသန့်တရားရုံးမှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး တရားလိုပြသက်သေအဖြစ် ထွက်ဆိုထားတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကို ရှေ့နေတွေက ပြန်လှန်မေးခွန်းတွေ မေးမြန်းဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၄ မှုအပြင် ခုနောက်ဆုံး ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် အဂတိဆိုင်ရာ နောက်ထပ် အမှု ၃ မှု ထပ်တိုး စွဲဆိုဖို့လည်း စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ ရှေ့နေတွေက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


=====

{Unicode}








XS
SM
MD
LG