သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈႏွစ္မႈ ႏွစ္ဘက္ေရွ႕ေနေလွ်ာက္လဲခ်က္ေပး


တရားရင္ဆိုင္ေနၾကရတဲ့ သမၼတဦးဝင္းျမင့္ (ဝဲ)၊ ေဒၚေအာင္ဆန္းစုၾကည္ (ယာ)

{{Zawgyi/Unicode}}

ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ အပတ္စဥ္တနလၤာေန႔တိုင္း စစ္ေဆးေနက် ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ အမႈ ၃ မႈနဲ႔ သမၼတဦးဝင္းျမင့္ အမႈ ၁ မႈ တို႔ကို ဒီေန႔ေအာက္တိုဘာ ၁၈ ရက္မွာ ဆက္လက္ ၾကားနာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈၊ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ တို႔နဲ႔ တရားစြဲထားတဲ့ အမႈေတြအတြက္ ႏွစ္ဖက္ေရွ႕ေန ေတြ တရား႐ုံးကို ေလွ်ာက္လဲခ်က္ေပးခဲ့ၾကပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့သတင္း မခင္ျဖဴေထြးက တင္ျပထားပါတယ္။

ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ အပတ္စဥ္တနလၤာေန႔တိုင္း စစ္ေဆးေနက် သမၼတဦးဝင္းျမင့္အေပၚ စြဲထားတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာအမႈနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲထားတဲ့ သဘာဝေဘးအမႈ၊ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ တို႔ကို ဒီကေန႔စစ္ေဆးပါတယ္။ ပို႔ကုန္သြင္းကုန္နဲ႔ ဆက္သြယ္ေရး ဥပေဒေတြခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲခံထားရတဲ့ အမႈေတြနဲ႔ပတ္သက္လို႔၂ ဘက္ေရွ႕ေနေတြ ဒီေန႔ လွ်ာက္လဲခ်က္ေပးခဲ့ၾကပါတယ္။ ဒီကေန႔ စစ္ေဆးတာနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနႀကီးတဦးက ဗြီအိုေအကို အခုလို ေျပာျပပါတယ္။

“အန္ကယ္လိုက္တဲ့အမႈေလ။ ပို႔ကုန္သြင္းကုန္ဥပေဒက ေလွ်ာက္လဲခ်က္ စာတင္လိုက္တယ္။ ေနာက္ၿပီးေတာ့ ျပန္ေခၚသက္ေသက သဘာဝေဘးအႏၲရာယ္ကျပန္ေခၚသက္ေသ။ ရဲမႈးႀကီး ျမင့္ႏိုင္နဲ႔ ေနာက္တေယာက္ကို စစ္လိုက္တယ္။ ႐ုံးခ်ိန္းကလာမယ့္ တနလၤာေန႔ကိုခ်ိန္းလိုက္တယ္။”

ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈ အမႈဟာ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းတဲ့ေန႔က ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္ကေန ဆက္သြယ္ေရးစကားေျပာစက္နဲ႔ Jammer ေတြ႔တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စြဲဆိုထားတဲ့ ပုဒ္ မ ျဖစ္ပါတယ္။ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ကေတာ့ အဲဒီပစၥည္းေတြကို တရားမဝင္လက္ဝယ္ထားရွိခဲ့ တာေၾကာင့္ဆိုတဲ့စြပ္စြဲခ်က္ နဲ႔ အမႈစြဲခဲ့တာျဖစ္ပါတယ္။

ဒီအမႈေတြအတြက္ ေဒၚေအာင္ဆန္းစုၾကည္မွာ အျပစ္ရွိတယ္လို႔ တရားလိုဘက္က တရားသူႀကီးကို ေလွ်ာက္ထားခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္ကေတာ့ အျပစ္မရွိေၾကာင္း သက္ေသနဲ႔တကြ ျပန္လည္ေခ်ပ ေလွ်ာက္ထားတင္ျပခဲ့တယ္လို႔ ေျပာပါတယ္။ ဒီအမႈေတြအတြက္ စြဲခ်က္တင္ မတင္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကိုေတာ့ လာမယ့္ တနလၤာေန႔ ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ ဆုံးျဖတ္သြားဖို႔ ရွိပါတယ္။

လက္ရွိမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔အေပၚ အမႈတြဲထားတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစေအာင္ လုပ္ေဆာင္မႈ၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခ အမႈ၊ တဦးခ်င္းစီအေပၚ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ စြဲထားတဲ့ အမႈတို႔ကို စြဲခ်က္တင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


-----------

{{Unicode}}

ဒေါ်အောင်ဆန်းစုကြည်အမှုနှစ်မှု နှစ်ဘက်ရှေ့နေလျှောက်လဲချက်ပေး

နေပြည်တော် သီးသန့်တရားရုံးမှာ အပတ်စဉ်တနင်္လာနေ့တိုင်း စစ်ဆေးနေကျ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမှု ၃ မှုနဲ့ သမ္မတဦးဝင်းမြင့် အမှု ၁ မှု တို့ကို ဒီနေ့အောက်တိုဘာ ၁၈ ရက်မှာ ဆက်လက် ကြားနာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့နဲ့ တရားစွဲထားတဲ့ အမှုတွေအတွက် နှစ်ဖက်ရှေ့နေ တွေ တရားရုံးကို လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်း မခင်ဖြူထွေးက တင်ပြထားပါတယ်။

နေပြည်တော် သီးသန့်တရားရုံးမှာ အပတ်စဉ်တနင်္လာနေ့တိုင်း စစ်ဆေးနေကျ သမ္မတဦးဝင်းမြင့်အပေါ် စွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ သဘာဝဘေးအမှု၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ကို ဒီကနေ့စစ်ဆေးပါတယ်။ ပို့ကုန်သွင်းကုန်နဲ့ ဆက်သွယ်ရေး ဥပဒေတွေချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ အမှုတွေနဲ့ပတ်သက်လို့၂ ဘက်ရှေ့နေတွေ ဒီနေ့ လျှာက်လဲချက်ပေးခဲ့ကြပါတယ်။ ဒီကနေ့ စစ်ဆေးတာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီးတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အန်ကယ်လိုက်တဲ့အမှုလေ။ ပို့ကုန်သွင်းကုန်ဥပဒေက လျှောက်လဲချက် စာတင်လိုက်တယ်။ နောက်ပြီးတော့ ပြန်ခေါ်သက်သေက သဘာဝဘေးအန္တရာယ်ကပြန်ခေါ်သက်သေ။ ရဲမှုးကြီး မြင့်နိုင်နဲ့ နောက်တယောက်ကို စစ်လိုက်တယ်။ ရုံးချိန်းကလာမယ့် တနင်္လာနေ့ကိုချိန်းလိုက်တယ်။”

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အမှုဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကနေ ဆက်သွယ်ရေးစကားပြောစက်နဲ့ Jammer တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့ ပုဒ် မ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ကတော့ အဲဒီပစ္စည်းတွေကို တရားမဝင်လက်ဝယ်ထားရှိခဲ့ တာကြောင့်ဆိုတဲ့စွပ်စွဲချက် နဲ့ အမှုစွဲခဲ့တာဖြစ်ပါတယ်။

ဒီအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်ရှိတယ်လို့ တရားလိုဘက်က တရားသူကြီးကို လျှောက်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်ကတော့ အပြစ်မရှိကြောင်း သက်သေနဲ့တကွ ပြန်လည်ချေပ လျှောက်ထားတင်ပြခဲ့တယ်လို့ ပြောပါတယ်။ ဒီအမှုတွေအတွက် စွဲချက်တင် မတင်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ လာမယ့် တနင်္လာနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ဆုံးဖြတ်သွားဖို့ ရှိပါတယ်။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပေါ် အမှုတွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင် လုပ်ဆောင်မှု၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ အမှု၊ တဦးချင်းစီအပေါ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ အမှုတို့ကို စွဲချက်တင်ထားပါတယ်။

#AungSanSuuKyiTrial #AungSanSuuKyi #MyanmarMilitaryCoup #MyanmarPolitics #VOABurmese#ပို့ကုန်သွင်းကုန်ဥပဒေ#ပုဒ်မ၆၇#၅၀၅-ခ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG