သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သဘာဝေဘးအႏၲရာယ္အမႈ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သက္ေသထြက္


ထိန္းသိမ္းခံထားရတဲ့ အရပ္သားအစိုးရေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔အား ေမလ ၂၆ ရက္ေန႔ က ေနျပည္ေတာ္တရား႐ံုးသို႔ ပထမဆံုးအႀကိမ္ ႐ံုးထုတ္စဥ္၊ (ဓာတ္ပုံ-ျပန္ၾကားေရးဝန္ႀကီးဌာန)

{{Zawgyi/Unicode}}

ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ စြဲခ်က္တင္ခံထားရတဲ့ သဘာဝေဘး အနၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒခ်ဳိးေဖာက္တယ္ဆိုတဲ့ အမႈအတြက္ ေဒၚေအာင္ဆန္းစု ၾကည္ကိုယ္တိုင္ ေနျပည္ေထာင္ အထူးတရား႐ံုးမွာ ဒီေန႔ ႏုိဝင္ဘာ ၁ ရက္ေန႔မွာ သက္ေသထြက္ဆိုခဲ့တယ္လို႔ စံုစမ္းသိရပါတယ္။

ေနျပည္ေတာ္သီးသန္႔တရားရံုးမွာ တနလၤာေန႔တိုင္းစစ္ေဆးေနတဲ့ သမၼတဦးဝင္းျမင့္ရဲ႕ သဘာဝေဘးအမႈ တမႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈ ၃ မႈတို႔ကို ဒီကေန႔ၾကားနာစစ္ေဆးခဲ့တာမွာ သဘာဝေဘးအမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ပထမဆံုးအႀကိမ္ သက္ေသထြက္ဆိုခဲ့တာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြ သတင္းမီဒီယာေတြကုိ သတင္းမေပးရလုိ႔ တားျမစ္ခံထားရတဲ့အတြက္ ထြက္ဆိုခ်က္ အေသးစိတ္ကိုေတာ့ မသိရပါဘူး။

ေနျပည္ေတာ္သီးသန္႔တရား႐ံုးမွာ ေနာက္ထပ္စဲြခ်က္တင္ထားတဲ့ ဆက္သြယ္ေရးဥပေဒခ်ဳိးေဖာက္တယ္ဆုိတဲ့အမႈနဲ႔ ပို႔ကုန္ သြင္းကုန္ဥပေဒခ်ဳိးေဖာက္တယ္ဆုိတဲ့ အမႈေတြကိုလည္း ဒီေန႔ၾကားနာပါတယ္။ အဲဒီအမႈေတြအတြက္ ျပန္ေခၚသက္ေသ ၅ ဦးကို ေ႐ွ႕ေနေတြ အျပန္အလွန္ ေမးခြန္းေတြထုတ္ခဲ့ၾကပါတယ္။ စစ္အာဏာသိမ္း တဲ့ေန႔က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္ကို ဝင္ေရာက္႐ွာေဖြ ဖမ္းဆီးစဥ္ ပါခဲ့တဲ့ဗိုလ္မွဴးအဆင့္ရွိသူ တဦး၊ ဗိုလ္ႀကီး ၂ ဦး တပ္ၾကပ္တဦးန႔ဲ ရဲမွဴးတဦးတို႔ ပါဝင္တယ္လို႔ စံုစမ္းရရွိပါတယ္။ သူတုိ႔ရဲ႕ ထြက္ဆိုခ်က္ အေသးစိတ္ကိုေတာ့ မသိ႐ွိရပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္မွာ ဆက္သြယ္ေရးစကားေျပာစက္နဲ႔ ဖုန္း Signal မမိေအာင္ၾကားျဖတ္စက္ Jammer ေတြ႔တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈ ခ်ဳိးေဖာက္တယ္ဆုိၿပီး စြဲခ်က္တင္ထားတာျဖစ္ပါတယ္။ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ကေတာ့ အဲဒီပစၥည္းေတြကို တရားမဝင္ လက္ဝယ္ ထားရွိတယ္ဆုိၿပီး စြပ္စြဲထားတဲ့ အမႈျဖစ္ပါတယ္။

ဒီပစၥည္းေတြဟာ ေဒၚေအာင္ဆန္းစုၾကည္လက္ဝယ္မွာ မိတဲ့ပစၥည္းေတြ မဟုတ္တဲ့အတြက္ သူ႔အေပၚ တရားမစြဲသင့္ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြက အေစာပိုင္းတုန္းက တရား႐ံုးမွာ ခုခံေခ်ပထားပါတယ္။ ဒါ့အျပင္ ဒီပစၥည္းေတြ လက္ဝယ္ထား႐ွိမႈေၾကာင့္ဆိုၿပီး ဆက္သြယ္ေရးပုဒ္မနဲ႔ တရားစြဲထားဟာ ဥပေဒအရ အႀကံဳးမဝင္ဘူးလုိ႔ ေ႐ွ႕ေနေတြက ေျပာၾကားထားပါတယ္။

ဒီေန႔ စစ္ေဆးတဲ့ အမႈ ၃ မႈကို နိုဝင္ဘာ ၈ ရက္ေန႔မွာ ဆက္လက္ၾကားနာဖို႔ ရံုးခ်ိန္း ေပးထားပါတယ္။ လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ၊ ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္ဥပေဒခ်ဳိးေဖာက္မႈ စတဲ့အမႈေတြအပါအဝင္ အမႈေပါင္း ၁၁ မႈနဲ႔ လက္႐ွိမွာ ရင္ဆိုင္ေနရပါတယ္။

========

{{Unicode}}

သဘာဝဘေးအန္တရာယ်အမှု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် နေပြည်ထောင် အထူးတရားရုံးမှာ ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ သက်သေထွက်ဆိုခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

နေပြည်တော်သီးသန့်တရားရုံးမှာ တနင်္လာနေ့တိုင်းစစ်ဆေးနေတဲ့ သမ္မတဦးဝင်းမြင့်ရဲ့ သဘာဝဘေးအမှု တမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၃ မှုတို့ကို ဒီကနေ့ကြားနာစစ်ဆေးခဲ့တာမှာ သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပထမဆုံးအကြိမ် သက်သေထွက်ဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ သတင်းမီဒီယာတွေကို သတင်းမပေးရလို့ တားမြစ်ခံထားရတဲ့အတွက် ထွက်ဆိုချက် အသေးစိတ်ကိုတော့ မသိရပါဘူး။

နေပြည်တော်သီးသန့်တရားရုံးမှာ နောက်ထပ်စွဲချက်တင်ထားတဲ့ ဆက်သွယ်ရေးဥပဒေချိုးဖောက်တယ်ဆိုတဲ့အမှုနဲ့ ပို့ကုန် သွင်းကုန်ဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုတွေကိုလည်း ဒီနေ့ကြားနာပါတယ်။ အဲဒီအမှုတွေအတွက် ပြန်ခေါ်သက်သေ ၅ ဦးကို ရှေ့နေတွေ အပြန်အလှန် မေးခွန်းတွေထုတ်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်း တဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးစဉ် ပါခဲ့တဲ့ဗိုလ်မှူးအဆင့်ရှိသူ တဦး၊ ဗိုလ်ကြီး ၂ ဦး တပ်ကြပ်တဦးနဲ့ ရဲမှူးတဦးတို့ ပါဝင်တယ်လို့ စုံစမ်းရရှိပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက် အသေးစိတ်ကိုတော့ မသိရှိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဆက်သွယ်ရေးစကားပြောစက်နဲ့ ဖုန်း Signal မမိအောင်ကြားဖြတ်စက် Jammer တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ချိုးဖောက်တယ်ဆိုပြီး စွဲချက်တင်ထားတာဖြစ်ပါတယ်။ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ကတော့ အဲဒီပစ္စည်းတွေကို တရားမဝင် လက်ဝယ် ထားရှိတယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုဖြစ်ပါတယ်။

ဒီပစ္စည်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်လက်ဝယ်မှာ မိတဲ့ပစ္စည်းတွေ မဟုတ်တဲ့အတွက် သူ့အပေါ် တရားမစွဲသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အစောပိုင်းတုန်းက တရားရုံးမှာ ခုခံချေပထားပါတယ်။ ဒါ့အပြင် ဒီပစ္စည်းတွေ လက်ဝယ်ထားရှိမှုကြောင့်ဆိုပြီး ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲထားဟာ ဥပဒေအရ အကြုံးမဝင်ဘူးလို့ ရှေ့နေတွေက ပြောကြားထားပါတယ်။

ဒီနေ့ စစ်ဆေးတဲ့ အမှု ၃ မှုကို နိုဝင်ဘာ ၈ ရက်နေ့မှာ ဆက်လက်ကြားနာဖို့ ရုံးချိန်း ပေးထားပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု စတဲ့အမှုတွေအပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ လက်ရှိမှာ ရင်ဆိုင်နေရပါတယ်။

#AungSanSuuKyiTrial #AungSanSuuKyi #MyanmarMilitaryCoup #VOABurmese#ဒေါ်အောင်ဆန်းစုကြည်#သဘာဝဘေးအန္တရာယ်အမှု##

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG