သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ပို့ကုန်သွင်းကုန်နဲ့ ဆက်သွယ်ရေးအမှု ဒီဇင်ဘာ ၆ ရက်အပြီးသတ်လျှောက်လဲရမည်


ဒေါ်အောင်ဆန်းစုကြည် အာဆီယံ အထူး အွန်လိုင်းအစည်းအဝေးတက်ရောက်စဉ်။ (ယခင်ပုံဟောင်း)
ဒေါ်အောင်ဆန်းစုကြည် အာဆီယံ အထူး အွန်လိုင်းအစည်းအဝေးတက်ရောက်စဉ်။ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

နေပြည်တော် အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေတွေ ချိုးဖောက်တယ်ဆိုတဲ့အမှု ၂ ခုအတွက် ဒီဇင်ဘာ ၆ ရက်နေ့မှာ ၂ ဘက် အပြီးသတ်လျှောက်ထားချက်တင်ရမယ်လို့ တရားရုံးက သတ်မှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။ ရှေ့သီတင်းပတ် တနင်္လာနေ့၊ နိုဝင်ဘာ ၂၂ ရက်ကျရင်တော့ အဲဒီအမှု ၂ ခုလုံးအတွက် ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆို ခုခံချေပမှာဖြစ်ပါတယ်။

အမှုအတွက် စွပ်စွဲခံရသူဘက်က သက်သေစာရင်းကို တရားသူကြီးက မေးမြန်းရာမှာ နောက်ထပ်စာရင်းမတင်ဘဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သက်သေထွက် ဆိုမယ်လို့ တင်ပြခဲ့ကြောင်းသိရပါတယ်။

တနင်္လာနေ့တိုင်း အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင် ထားတဲ့ ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးအမှုနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အမှုတွေကိုကြားနာလေ့ရှိပေမဲ့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ သဘာဝဘေးအမှု မစစ်ဖြစ်ဘူးလို့ နေပြည်တော်ကလာတဲ့သတင်းတွေအရ သိရပါတယ်။ သမ္မတဦးဝင်မြင့်အပေါ် စွဲချက်တင်ထားတဲ့ သဘာဝဘေးအမှုကိုလည်း ဒီနေ့ ကြားနာခြင်းမရှိပါဘူး။ ဒီအမှုအတွက် ရှေ့သီတင်းပတ်မှာ အပြီးသတ်လျှောက်လဲ တင်ပြရမှာမို့ ပြင်ဆင်နိုင်အောင် အစကတည်းက ရုံးချိန်းကို တပတ်ကျော် ချိန်းထားတာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပေါ် စဲွဲချက်တင် စစ်ဆေးနေတဲ့ အမှုတချို့အတွက် ဒီဇင်ဘာလထဲမှာ အပြီးသတ် အမိန့်ချဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှုတို့အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရပြီး ၅ မှုအတွက် စွဲချက်တင်ခံထားရပါတယ်။ သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုလည်း သတင်းမီဒီယာတွေကို သတင်းမပေးရလို့ စစ်ကောင်စီက အမိန့်ထုတ်ပြန် တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


===========

{{Unicode}}






===========

XS
SM
MD
LG