သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈ မန္းဝန္ႀကီးခ်ဳပ္သက္ေသမလာႏိုင္


NLD ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူေတြ႔ရသည့္ ေဒါက္တာေဇာ္ျမင့္ေမာင္။ (မတ္ ၁၊ ၂၀၁၆)

[[Zawgyi/Unicode]]

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့အမႈေတြထဲက သဘာဝေဘးအမႈစစ္ေဆးဖို႔ ဒီကေန႔ ေနျပည္ေတာ္အထူးတရား႐ုံးမွာ ေခၚယူခဲ့ေပမယ့္ သက္ေသထြက္ဆိုမယ့္သူမလာႏိုင္တာေၾကာင့္ တရား႐ုံးခ်ိန္းထပ္ေပးလိုက္ရပါတယ္။

ကိုဗစ္ကာလ ကပ္ေဘးစည္းကမ္းကိုခ်ိဳးေဖာက္တယ္ဆိုတဲ့စြဲခ်က္တင္ထားတဲ့ဒီအမႈမွာ သက္ေသအျဖစ္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ကို စစ္ေဆးဖို႔ရွိရာမွာ ဒီ႐ုံးခ်ိန္းကို လာေရာက္ထြက္ဆိုခြင့္မရဘူးလို႔ သိရပါတယ္။ လာေရာက္ထြက္ဆိုဖို႔ ကာယကံရွင္ေဒါက္တာေဇာ္ျမင့္ေမာင္က လက္ခံထားေပမယ့္ သူ႔ကိုထိန္းသိမ္းထားတဲ့ ေထာင္အာဏာပိုင္က ခရီးသြားလာခြင့္မျပဳခဲ့ဘူးလို႔သိရပါတယ္။ၿပီးခဲ့တဲ့အပတ္႐ုံးခ်ိန္းမွာကတည္းက သက္ေသအျဖစ္လာေရာက္ဖို႔ အထူးတရား႐ုံးက ဆင့္ေခၚထားေပမယ့္ သက္ဆိုင္ရာအက်ဥ္းေထာင္ရဲ႕ ေထာင္ဆရာဝန္ေဆးစာအရ ေထာင္အာဏာပိုင္ေတြက ခရီးသြားခြင့္မျပဳခဲ့တာပါ။ ဒါေၾကာင့္ ေနာက္တေခါက္႐ုံးခ်ိန္ေတြမွာေတာ့ သူ႔ကို ဗီြဒီယိုအြန္လိုင္းကတဆင့္ ေမးျမန္းၾကားနာစစ္ေဆးဖို႔ တရား႐ုံးက အႀကံျပဳထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ အပတ္စဥ္ တနလၤာေန႔တိုင္းစစ္ေဆးေနက်ျဖစ္တဲ့ သဘာဝေဘးအမႈ၊ ဆက္သြယ္ေရးပုဒ္မႈအမႈ၊ ပို႔ကုန္သြင္းကုန္ ဥပေဒအမႈေတြထဲမွာ ဆက္သြယ္ေရးနဲ႔ ပို႔ကုန္သြင္းကုန္အမႈေတြကိုေတာ့ ဒီတပတ္မွာနားထားၿပီး ေနာက္ လာမယ့္ ဒီဇင္ဘာ ၂၀ ရက္ေန႔မွာ အၿပီးသတ္အမိန႔္ခ်ဖို႔ရွိေနပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၂ မႈနဲ႔ တရားစြဲဆိုခံထားရတာပါ။ ဒီထဲက ၂ မႈျဖစ္တဲ့ သဘာဝေဘးအမႈတမႈ၊ ၅၀၅၀(ခ) အမႈတို႔နဲ႔ ၿပီးခဲ့တဲ့အပတ္တုန္းက ေထာင္ဒဏ္ႏွစ္ႏွစ္စီ စုစုေပါင္းေလးႏွစ္ေထာင္ဒဏ္အမိန႔္ခ်ခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ စစ္ေကာင္စီဥကၠ႒ရဲ႕ လြတ္ၿငိမ္းသက္သာခြင့္အမိန႔္အရ ေလးႏွစ္အစား ႏွစ္ႏွစ္သတ္မွတ္ၿပီး ေထာင္မပို႔ဘဲ လက္ရွိထိန္းသိမ္းထားတဲ့ေနအိမ္မွာပဲ ဆက္ေနေစပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကိုစစ္အာဏာပိုင္ေတြဖက္က အဂတိစြဲခ်က္ေနာက္တမႈနဲ႔ အမႈျပင္ေနသလို ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း တရားစြဲဖို႔အမႈျပင္ေနတာေတြရွိတာေၾကာင့္ ေနာက္ထပ္စြဲဆိုအမႈေတြလည္း ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်အမှု မန်းဝန်ကြီးချုပ်သက်သေမလာနိုင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက သဘာဝဘေးအမှုစစ်ဆေးဖို့ ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာ ခေါ်ယူခဲ့ပေမယ့် သက်သေထွက်ဆိုမယ့်သူမလာနိုင်တာကြောင့် တရားရုံးချိန်းထပ်ပေးလိုက်ရပါတယ်။

ကိုဗစ်ကာလ ကပ်ဘေးစည်းကမ်းကိုချိုးဖောက်တယ်ဆိုတဲ့စွဲချက်တင်ထားတဲ့ဒီအမှုမှာ သက်သေအဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို စစ်ဆေးဖို့ရှိရာမှာ ဒီရုံးချိန်းကို လာရောက်ထွက်ဆိုခွင့်မရဘူးလို့ သိရပါတယ်။ လာရောက်ထွက်ဆိုဖို့ ကာယကံရှင်ဒေါက်တာဇော်မြင့်မောင်က လက်ခံထားပေမယ့် သူ့ကိုထိန်းသိမ်းထားတဲ့ ထောင်အာဏာပိုင်က ခရီးသွားလာခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာကတည်းက သက်သေအဖြစ်လာရောက်ဖို့ အထူးတရားရုံးက ဆင့်ခေါ်ထားပေမယ့် သက်ဆိုင်ရာအကျဉ်းထောင်ရဲ့ ထောင်ဆရာဝန်ဆေးစာအရ ထောင်အာဏာပိုင်တွေက ခရီးသွားခွင့်မပြုခဲ့တာပါ။ ဒါကြောင့် နောက်တခေါက်ရုံးချိန်တွေမှာတော့ သူ့ကို ဗွီဒီယိုအွန်လိုင်းကတဆင့် မေးမြန်းကြားနာစစ်ဆေးဖို့ တရားရုံးက အကြံပြုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အပတ်စဉ် တနင်္လာနေ့တိုင်းစစ်ဆေးနေကျဖြစ်တဲ့ သဘာဝဘေးအမှု၊ ဆက်သွယ်ရေးပုဒ်မှုအမှု၊ ပို့ကုန်သွင်းကုန် ဥပဒေအမှုတွေထဲမှာ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန်အမှုတွေကိုတော့ ဒီတပတ်မှာနားထားပြီး နောက် လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၂ မှုနဲ့ တရားစွဲဆိုခံထားရတာပါ။ ဒီထဲက ၂ မှုဖြစ်တဲ့ သဘာဝဘေးအမှုတမှု၊ ၅၀၅၀(ခ) အမှုတို့နဲ့ ပြီးခဲ့တဲ့အပတ်တုန်းက ထောင်ဒဏ်နှစ်နှစ်စီ စုစုပေါင်းလေးနှစ်ထောင်ဒဏ်အမိန့်ချခဲ့ပြီးပါပြီ။ ဒါပေမယ့် စစ်ကောင်စီဥက္ကဋ္ဌရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ လေးနှစ်အစား နှစ်နှစ်သတ်မှတ်ပြီး ထောင်မပို့ဘဲ လက်ရှိထိန်းသိမ်းထားတဲ့နေအိမ်မှာပဲ ဆက်နေစေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုစစ်အာဏာပိုင်တွေဖက်က အဂတိစွဲချက်နောက်တမှုနဲ့ အမှုပြင်နေသလို ရွေးကောက်ပွဲကော်မရှင်ကလည်း တရားစွဲဖို့အမှုပြင်နေတာတွေရှိတာကြောင့် နောက်ထပ်စွဲဆိုအမှုတွေလည်း ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

#MyanmarMilitaryCoup #AungSanSuuKyi #VOABurmese

#ဒေါ်အောင်ဆန်းစုကြည် #သဘဝဘေးအမှု #နေပြည်တော်အထူးတရားရုံး #ဒေါက်တာဇော်မြင့်မောင် #ဗွီအိုအေမြန်မာ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG