သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အဂတိမႈစြဲခ်က္ တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ျငင္းဆန္ထြက္ဆို


MYANMAR-POLITICS/SUUKYI

(zawgyi/unicode)

အဂတိလိုက္စားမႈ စြဲခ်က္တခုအတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကေန႔မွာ သူကိုယ္တိုင္ တရား႐ုံးမွာ ထြက္ခ်က္ေပးခဲ့ပါတယ္။ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဆီက ေ႐ႊနဲ႔ေဒၚလာရယူခဲ့တယ္ဆိုတဲ့ စြဲခ်က္အေပၚ တရား႐ုံးကေန စစ္ေဆးခဲ့တာပါ။ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈ အမႈ ၁၁မႈနဲ႔ စြဲဆိုထားတဲ့အထဲမွာ ဒီအမႈကို တရား႐ုံးက ပထမဆုံးစြဲခ်က္လက္ခံၾကားနာစစ္ေဆးေနတာပါ။

ၿပီးခဲ့တဲ့အပတ္တုန္းကေတာ့ အမႈေတြ ျပန္ေခၚသက္ေသေတြစစ္ေဆးခဲ့ၿပီး၊ ဒီအပတ္မွာ ေဒၚေအာင္ဆန္းစုၾကည္ဖက္က သက္ေသေတြကိုစစ္ေဆးဖို႔ရွိရာမွာ သူဖက္က သက္ေသစာရင္းမတင္ေတာ့ပဲ သူကိုယ္တိုင္ စစ္ေဆးခံခဲ့တာပါ။ NLD အစိုးရလက္ထက္က ရန္ကုန္တိုင္းေဒသတြင္း လုပ္ငန္းေတြကို ေထာက္ခံေပးဖို႔နဲ႔ ကာကြယ္ေပးဖို႔အတြက္ ဦးၿဖိဳးမင္းသိန္းက အေမရိကန္ ေဒၚလာ ေျခာက္သိန္းနဲ႔ အကယ္ဒမီ ေ႐ႊခုနစ္ပိႆာကို ေဒၚေအာင္ဆန္းစုၾကည္ထံ ေပးပို႔ခဲ့တယ္ဆိုၿပီး စစ္ေကာင္စီဖက္က စြဲခ်က္တင္ထားတာပါ။
ေဒၚေအာင္ဆန္းစုၾကည္ဘက္ကေတာ့ သူမရယူခဲ့ျခင္းမရွိခဲ့ေၾကာင္း ဒီကေန႔တရားခြင္မွာ ေျပာဆိုခဲ့ပါတယ္။ ဒီေငြနဲ႔ ေ႐ႊေတြကို ေဒၚေအာင္ဆန္းစုၾကည္ဆီမွာ သိမ္းဆည္းရမိတာမ်ိဳး မရွိဘူးလို႔ သူ႔ေရွ႕ေနေတြဖက္က တရား႐ုံးကို ေလွ်ာက္ထားပါတယ္။

ဒီအမႈနဲ႔ပတ္သတ္လို႔ လာမယ့္အပတ္ မတ္ ၂၁ရက္ေန႔႐ုံးခ်ိန္းမွာႏွစ္ဖက္အၿပီးသတ္ေလွ်ာက္ လဲခ်က္ေပးရမွာျဖစ္ပါတယ္။ ႏွစ္ဖက္ေရွ႕ေနေတြ အၿပီးသတ္ေလွ်ာက္ လဲခ်က္ေပးၿပီး လာမယ့္ဧၿပီလအတြင္းမွာအၿပီးသတ္အမိန္႔ခ်မွတ္ႏိုင္တယ္လို႔သိရပါတယ္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ၅၅အရ ျပစ္မႈေျမာက္တယ္လို႔တရား႐ုံးကဆုံးျဖတ္တယ္ဆိုရင္ အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၁၅ႏွစ္အထိ အျပစ္ေပးႏိုင္ပါတယ္။

ဒီကေန႔မွာေတာ့ အဲဒီအမႈအျပင္ ရဟတ္ယာဥ္ဌားရမ္း၀ယ္ယူမႈနဲ႔ပတ္သတ္တဲ့ အမႈ ၂မႈကိုလည္း စစ္ေဆးၾကားနာမႈလုပ္ခဲ့ပါတယ္။

လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေထာင္ဒဏ္ ၁၅ ႏွစ္အထိခ်မွတ္ႏိုင္တဲ့ အဂတိလိုက္စားမႈ ၁၁ မႈနဲ႔ တရား႐ုံးတင္စြဲဆိုခံထားရၿပီး၊ ၁၀ မႈအတြက္ တရား႐ုံးမွာ ရင္ဆိုင္ေနရပါတယ္။ ဒီေန႔ ႐ုံးခ်ိန္းလာတဲ့ ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရး ေကာင္းမြန္ေနတယ္လို႔ စုံစမ္းသိရပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ ဖမ္းဆီးခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေလာေလာဆယ္အထိ အမႈေပါင္း ၁၈ မႈနဲ႔ တရားစြဲခဲ့ၿပီး၊ ၅ မႈအတြက္ ေထာင္ဒဏ္ ၆ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(unicode)

အဂတိလိုက်စားမှု စွဲချက်တခုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ သူကိုယ်တိုင် တရားရုံးမှာ ထွက်ချက်ပေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာရယူခဲ့တယ်ဆိုတဲ့ စွဲချက်အပေါ် တရားရုံးကနေ စစ်ဆေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု အမှု ၁၁မှုနဲ့ စွဲဆိုထားတဲ့အထဲမှာ ဒီအမှုကို တရားရုံးက ပထမဆုံးစွဲချက်လက်ခံကြားနာစစ်ဆေးနေတာပါ။

ပြီးခဲ့တဲ့အပတ်တုန်းကတော့ အမှုတွေ ပြန်ခေါ်သက်သေတွေစစ်ဆေးခဲ့ပြီး၊ ဒီအပတ်မှာ ဒေါ်အောင်ဆန်းစုကြည်ဖက်က သက်သေတွေကိုစစ်ဆေးဖို့ရှိရာမှာ သူဖက်က သက်သေစာရင်းမတင်တော့ပဲ သူကိုယ်တိုင် စစ်ဆေးခံခဲ့တာပါ။ NLD အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသတွင်း လုပ်ငန်းတွေကို ထောက်ခံပေးဖို့နဲ့ ကာကွယ်ပေးဖို့အတွက် ဦးဖြိုးမင်းသိန်းက အမေရိကန် ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ ရွှေခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့တယ်ဆိုပြီး စစ်ကောင်စီဖက်က စွဲချက်တင်ထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ သူမရယူခဲ့ခြင်းမရှိခဲ့ကြောင်း ဒီကနေ့တရားခွင်မှာ ပြောဆိုခဲ့ပါတယ်။ ဒီငွေနဲ့ ရွှေတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီမှာ သိမ်းဆည်းရမိတာမျိုး မရှိဘူးလို့ သူ့ရှေ့နေတွေဖက်က တရားရုံးကို လျှောက်ထားပါတယ်။

ဒီအမှုနဲ့ပတ်သတ်လို့ လာမယ့်အပတ် မတ် ၂၁ရက်နေ့ရုံးချိန်းမှာနှစ်ဖက်အပြီးသတ်လျှောက် လဲချက်ပေးရမှာဖြစ်ပါတယ်။ နှစ်ဖက်ရှေ့နေတွေ အပြီးသတ်လျှောက် လဲချက်ပေးပြီး လာမယ့်ဧပြီလအတွင်းမှာအပြီးသတ်အမိန့်ချမှတ်နိုင်တယ်လို့သိရပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၅အရ ပြစ်မှုမြောက်တယ်လို့တရားရုံးကဆုံးဖြတ်တယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၅နှစ်အထိ အပြစ်ပေးနိုင်ပါတယ်။

ဒီကနေ့မှာတော့ အဲဒီအမှုအပြင် ရဟတ်ယာဥ်ဌားရမ်း၀ယ်ယူမှုနဲ့ပတ်သတ်တဲ့ အမှု ၂မှုကိုလည်း စစ်ဆေးကြားနာမှုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု ၁၁ မှုနဲ့ တရားရုံးတင်စွဲဆိုခံထားရပြီး၊ ၁၀ မှုအတွက် တရားရုံးမှာ ရင်ဆိုင်နေရပါတယ်။ ဒီနေ့ ရုံးချိန်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ကောင်းမွန်နေတယ်လို့ စုံစမ်းသိရပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး၊ ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။

XS
SM
MD
LG