သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Auschwitz နာဇီအရာရှိဟောင်း ထောင်ဒဏ်အပြစ်ပေးခံရ


ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျူးတွေကို သတ်ပစ်ခဲ့တဲ့ Auschwitz အကျဉ်းစခန်းမှာ စာရင်းမှတ်သူအဖြစ် အလုပ်လုပ်ခဲ့တဲ့အတွက် နာဇီအရာရှိဟောင်း တယောက်ဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ် Oskar Groening ကို ဂျာမနီတရားရုံးတခုက ထောင်ဒဏ် ၄ နှစ် အပြစ်ပေးလိုက်ပါတယ်။

သူဟာ လူပေါင်း ၃ သိန်းကျော်ကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှု ရှိနေကြောင်း တွေ့ရတဲ့အတွက် Lueneburg တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

၁၉၄၄ ခုနှစ် မေလကနေ ဇူလိုင်လအတွင်း ဒီအကျဉ်းစခန်းမှာ အလုပ်လုပ်ခဲ့ကြောင်းနဲ့ စခန်းကို ရောက်လာတဲ့ ဂျူးတွေဆီက ငွေနဲ့ သူတို့ပိုင်ပစ္စည်းတွေ စုဆောင်းရယူခဲ့ကြောင်း သူက ဝန်ခံခဲ့ပါတယ်။ ဒီအကျဉ်းစခန်းကို ရောက်လာသူ အများစုဟာ ရောက်ပြီး မကြာခင်မှာပဲ အဆိပ်ဓာတ်ငွေ့နဲ့ သတ်ပစ်တာ ခံခဲ့ရတာပါ။

အဲဒီအချိန်က Auschwitz က စာရင်းကိုင်လို့ လူသိများတဲ့ Groening က သူလုပ်ခဲ့တာတွေဟာ လူ့ကျင့်ဝတ်သိက္ခာအရ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အကျဉ်းသားတွေကို သတ်ဖြတ်ရာမှာတော့ တခါမှ တိုက်ရိုက် ပါဝင်ပတ်သက်မှု မရှိဘူးလို့လည်း ပြောပါတယ်။

XS
SM
MD
LG