သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု ဆက်နွယ်တဲ့လူ ၂ ဦး သြစတြေးလျဖမ်းဆီး


သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Michael Phelan
သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Michael Phelan

သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေ ပိုတိုးလာနေတယ်လို့ ဝန်ကြီးချုပ် Tony Abbott က ပြောဆိုခဲ့အပြီး နောက်တနေ့မှာပဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှုတခုအဖြစ် လူ ၂ ယောက်ကို ဖမ်ဆီး အရေးယူလိုက်ပါတယ်။

အသက် ၂၀ အရွယ် Sulayman Khalid ကို အကြမ်းဖက် တိုက်ခိုက်နိုင်အောင် စီစဉ်နေတဲ့ အထောက်အထားတွေ လက်ဝယ် တွေ့ရှိမှုနဲ့ အရေးယူလိုက်သလို၊ နောက်ထပ် အသက် ၂၁ နှစ်အရွယ် နာမည်ထုတ်ဖော် ပြောဆိုမထားသူ တဦးကိုတော့ ရဲအမိန့်ကို မနာခံမှုနဲ့ တရားစွဲဆိုခဲ့တာပါ။ စက်တင်ဘာလထဲတုန်းက Sydney နဲ့ Brisbane မြို့တွေမှာ အာဏာပိုင်တွေ စီးနင်းနှိမ်နင်းမှုတွေနဲ့ ဆက်နွယ်ပြီး နောက်ဆက်တွဲအဖြစ် သူတို့ ၂ ဦးကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

လုံခြုံရေး အာဏာပိုင်တွေရဲ့ စီးနင်းမှုတွေမှာ ဖမ်းဆီးခဲ့သူ စုစုပေါင်း လူ ၁၁ ဦးကိုတော့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး တရားစွဲဆို ထားတာပါ။ အခုနောက်ဆုံး ဖမ်းဆီးလိုက်တဲ့ Khalid ထံက ရရှိခဲ့တဲ့ အထောက်အထားတွေမှာတော့ ဆစ်ဒနီမြို့က အစိုးရပိုင် နေရာတွေကို ပစ်မှတ်ထားတာ အနည်းအကျဉ်းသာ တွေ့ရသလို၊ တိုက်ခိုက်ဖို့ အချိန်တိတိကျကျ သတ်မှတ်ထားတာ မရှိဘူးလို့လည်း သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Michael Phelan က ပြောပါတယ်။

အသေးစိတ်ကို မပြောနိုင်ပေမဲ့ တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာ လုံလောက်တဲ့ အချက်အလက်တွေ တွေ့ရတဲ့အတွက် အရေးယူခဲ့တာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ လှုပ်ရှားနေကြတဲ့ IS အစ္စလာမ် စစ်သွေးကြွတွေကို ထောက်ခံကြတဲ့ ဆစ်ဒနီမြို့က လူပေါင်း ၁၅ ယောက်ကနေ ၂၀ လောက် ပါဝင်တဲ့ အုပ်စုတစုကို သြစတြေးလျ အာဏာပိုင်တွေ စောင့်ကြည့်နေခဲ့ပြီးနောက် အခုလို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG