သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Australia ဝန္ႀကီးခ်ဳပ္ေဟာင္း ဝန္ႀကီးေနရာ ၅ ခု လွ်ိဳ႕ဝွက္ယူမႈ အစိုးရအေပၚ ယုံၾကည္မႈထိခိုက္ 


ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese

[[Zawgyi/Unicode]]

Australia ႏိုင္ငံမွာ ဝန္ႀကီးေတြခန႔္အပ္မႈနဲ႔ပတ္သက္လို႔ ပိုၿပီး ပြင့္လင္းျမင္သာမႈရွိေစဖို႔ ဥပေဒသစ္ေတြ ခ်မွတ္သြားမွာျဖစ္ပါတယ္။ အရင္ဝန္ႀကီးခ်ဳပ္ေဟာင္း Scott Morrison က ဝန္ႀကီးရာထူး ၅ ခုကို လွ်ိဳ႕ဝွက္ထမ္းေဆာင္ခဲ့တဲ့လုပ္ရပ္က အစိုးရအေပၚ အမ်ားျပည္သူယုံၾကည္မႈကို ထိခိုက္ေစခဲ့တယ္လို႔ စုံစမ္းစစ္ေဆးမႈ အစီရင္ခံထြက္ေပၚလာခဲ့ၿပီးေနာက္ ခုလိုဝန္ႀကီးခ်ဳပ္ Anthony Albanese ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

အမ်ားျပည္သူကိုအသိမေပးဘဲ ဝန္ႀကီးတာဝန္ေတြကို လွ်ိဳ႕ဝွက္တာဝန္ယူတဲ့ကိစၥ ျပည္သူေတြျပန္သိခဲ့ၾကတဲ့အခါ အစိုးရအေပၚ ယုံၾကည္မႈပ်က္ျပားေစခဲ့တယ္ဆိုတာ အစီရင္ခံစာမွာေတြ႕ရွိတယ္လို႔ ဝန္ႀကီးခ်ဳပ္ Albanese က ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အမ်ားအျပည္သူအေနနဲ႔ သိသင့္တဲ့ကိစၥျဖစ္တယ္လို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပတယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း Scott Morrison ဟာ ကိုဗစ္ကပ္ေရာဂါကာလ ၂၀၂၀ မတ္လကေန ၂၀၂၁ ေမလအထိ က်န္းမာေရး၊ ဘ႑ာေရး၊ အရင္းအျမစ္နဲ႔ ျပည္ထဲေရးဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္ပါ လွ်ိဳ႕ဝွက္တာဝန္ေတြ ယူခဲ့တာျဖစ္ပါတယ္။ အဲဒီဝန္ႀကီးဌာနေတြထဲက ဝန္ႀကီး ၃ ဦးက သူတို႔ ဝန္ႀကီးခ်ဳပ္နဲ႔ ပူးတြဲတာဝန္ယူခဲ့တယ္ဆိုတာ အဲဒီအခ်ိန္က မသိခဲ့ၾကဘူးလို႔ ေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ဦးေဆာင္စုံစမ္းခဲ့တဲ့ တရား႐ုံးခ်ဳပ္တရားသူႀကီးေဟာင္းက ဒီေန႔ ႏိုဝင္ဘာ ၂၅ ရက္မွာ အစီရင္ ခံစာထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ဝန္ႀကီးအဆင့္ခန႔္အပ္မႈေတြနဲ႔ပတ္သက္လို႔ အမ်ားျပည္သူကို အသိေပးဖို႔လိုတဲ့ ဥပေဒထုတ္ျပန္ေရး၊ ဝန္ႀကီးတာဝန္ေတြ ခြဲျခားသတ္မွတ္တဲ့ ဥပေဒထုတ္ျပန္ေရးတို႔ပါဝင္တဲ့ အႀကံျပဳခ်က္ ၆ ခ်က္ကိုလည္း သူကအစီရင္ခံစာမွာ ထည့္သြင္းထားပါတယ္။ ဝန္ႀကီးခ်ဳပ္ Albanese က အဲဒီအႀကံျပဳခ်က္ ၆ ခုလုံးကို အေကာင္အထည္ေဖာ္ သြားမယ္လို႔ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

Australia ဝန်ကြီးချုပ်ဟောင်း ဝန်ကြီးနေရာ ၅ ခု လျှို့ဝှက်ယူမှု အစိုးရအပေါ် ယုံကြည်မှုထိခိုက်

Australia နိုင်ငံမှာ ဝန်ကြီးတွေခန့်အပ်မှုနဲ့ပတ်သက်လို့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိစေဖို့ ဥပဒေသစ်တွေ ချမှတ်သွားမှာဖြစ်ပါတယ်။ အရင်ဝန်ကြီးချုပ်ဟောင်း Scott Morrison က ဝန်ကြီးရာထူး ၅ ခုကို လျှို့ဝှက်ထမ်းဆောင်ခဲ့တဲ့လုပ်ရပ်က အစိုးရအပေါ် အများပြည်သူယုံကြည်မှုကို ထိခိုက်စေခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှု အစီရင်ခံထွက်ပေါ်လာခဲ့ပြီးနောက် ခုလိုဝန်ကြီးချုပ် Anthony Albanese ကပြောကြားခဲ့တာဖြစ်ပါတယ်။

အများပြည်သူကိုအသိမပေးဘဲ ဝန်ကြီးတာဝန်တွေကို လျှို့ဝှက်တာဝန်ယူတဲ့ကိစ္စ ပြည်သူတွေပြန်သိခဲ့ကြတဲ့အခါ အစိုးရအပေါ် ယုံကြည်မှုပျက်ပြားစေခဲ့တယ်ဆိုတာ အစီရင်ခံစာမှာတွေ့ရှိတယ်လို့ ဝန်ကြီးချုပ် Albanese က ပြောကြားခဲ့တာဖြစ်ပါတယ်။ အများအပြည်သူအနေနဲ့ သိသင့်တဲ့ကိစ္စဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း Scott Morrison ဟာ ကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀ မတ်လကနေ ၂၀၂၁ မေလအထိ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ အရင်းအမြစ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်ပါ လျှို့ဝှက်တာဝန်တွေ ယူခဲ့တာဖြစ်ပါတယ်။ အဲဒီဝန်ကြီးဌာနတွေထဲက ဝန်ကြီး ၃ ဦးက သူတို့ ဝန်ကြီးချုပ်နဲ့ ပူးတွဲတာဝန်ယူခဲ့တယ်ဆိုတာ အဲဒီအချိန်က မသိခဲ့ကြဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ဦးဆောင်စုံစမ်းခဲ့တဲ့ တရားရုံးချုပ်တရားသူကြီးဟောင်းက ဒီနေ့ နိုဝင်ဘာ ၂၅ ရက်မှာ အစီရင် ခံစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးအဆင့်ခန့်အပ်မှုတွေနဲ့ပတ်သက်လို့ အများပြည်သူကို အသိပေးဖို့လိုတဲ့ ဥပဒေထုတ်ပြန်ရေး၊ ဝန်ကြီးတာဝန်တွေ ခွဲခြားသတ်မှတ်တဲ့ ဥပဒေထုတ်ပြန်ရေးတို့ပါဝင်တဲ့ အကြံပြုချက် ၆ ချက်ကိုလည်း သူကအစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။ ဝန်ကြီးချုပ် Albanese က အဲဒီအကြံပြုချက် ၆ ခုလုံးကို အကောင်အထည်ဖော် သွားမယ်လို့ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG