သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားလုပ်သား အလုပ်လုပ်ခွင့်ဗီဇာ သြစတြေးလျတင်းကြပ်


သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull
သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull

သြစတြေးလျနိုင်ငံမှာ နိုင်ငံခြားသားတွေ ယာယီအလုပ်လုပ်ခွင့်ပေးတဲ့ လက်ရှိ ဗီဇာ စနစ်ကို ဖျက်သိမ်းလိုက်ပြီး ဗီဇာ စနစ်သစ် ၂ ခုနဲ့ အစားထိုးလိုက်ပါတယ်။ အရင်က ၄ နှစ်နေထိုင်ခွင့်ပေးတဲ့ 457 ဗီဇာ ကိုဖျက်လိုက်ပြီး ယာယီအလုပ်လုပ်ခွင့် ၂ နှစ် ဗီဇာ နဲ့ ပိုပြီး ကျွမ်းကျင်အဆင့်မြင့်အလုပ်တွေအတွက် ၄ နှစ် ယာယီအလုပ်လုပ်ခွင့် ဗီဇာ တွေနဲ့ အစားထိုးလိုက်ပါတယ်။

အလုပ်ခွင်တွေမှာ သြစတြေးလျ နိုင်ငံသားတွေ အလုပ်အကိုင်ပိုရစေဖို့ရည်ရွယ်ပြီး ခုလို ဗီဇာ စနစ်သစ်ကို ပြောင်းလဲလိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Malcolm Turnbull ကပြောပါတယ်။ အခု ဗီဇာ အစီအစဉ်အသစ်ကို လျှောက်ထားသူတွေအနေနဲ့ လုပ်သက်၊ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ သက်ဆိုင်ရာအလုပ်အတွက် စစ်ဆေးချက်တွေအောင်မြင်ဖို့လိုအပ်ပါတယ်။

၄ နှစ် ဗီဇာ လျှောက်သူတွေဆိုရင် အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့်ပိုပြီးမြင့်မားဖို့လိုအပ်ပါတယ်။ ၂ နှစ် ဗီဇာ နဲ့လျှောက်ထားဖို့ အကြုံးဝင်တဲ့ ကျွမ်းကျင်အလုပ် အမျိုးအစား လက်ရှိ ၆၅၀ လောက်ထဲက ၂၀၀ ကျော်ကိုလည်း စာရင်းထဲကနေ ပယ်ဖျက်ခဲ့ပါတယ်။ နောက် ၂ နှစ် Visa နဲ့လာရောက် အလုပ်လုပ်သူအနေနဲ့လည်း အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခွင့် မရှိပါဘူး။

သြစတြေးလျ နိုင်ငံမှာ လက်ရှိ 457 Visa နဲ့ရောက်ရှိနေသူတွေ အနေနဲ့တော့ အခု ဗီဇာ စနစ်အပြောင်းအလဲမှာ အကြုံးဝင်မှာ မဟုတ်ပါဘူး။ အရင် 457 Visa အမျိုးအစားနဲ့ လာကြသူအများစုက IT နည်းပညာလုပ်ငန်းတွေ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ အလုပ်လာလုပ်ကြသူတွေဖြစ်ပါတယ်။ အများစုက India၊ ဗြိတိန်နဲ့ တရုတ်နိုင်ငံတို့ကများပါတယ်။

တိုက်ရိုက် လင့်ခ်
Australia Visa
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG