သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးခှိုလှုံခွင့် တောင်းခံသူတွေအရေး Australia နှင့် အင်ဒိုနီးရှားဆွေးနွေး


သြစတြေးလျဝန်ကြီးချုပ်Tony Abbott (ဝဲ) နှင့် အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono (ယာ) (စက်တင်ဘာ ၃၀၊ ၂၀၁၃)
သြစတြေးလျဝန်ကြီးချုပ်Tony Abbott (ဝဲ) နှင့် အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono (ယာ) (စက်တင်ဘာ ၃၀၊ ၂၀၁၃)
တနင်္လာနေ့တုန်းက အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိခဲ့ဲ့တဲ့ သြစတေးလျှဝန်ကြီးချုပ်သစ် Tony Abbott ဟာ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono နဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ သြစတေးလျှဝန်ကြီးချုပ်က ပြောပါတယ်။

အခု အင်ဒိုနီးရှား ခရီးစဉ်အတွင်းမှာပဲ အင်ဒိုနီးရှားနဲ့ သြစတေးလျှနိုင်ငံအကြား လူခိုးဝင်မှုတွေကို ရပ်ဆိုင်းဖို့ ပိုင်းဖြတ်လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Abbott က ပြောပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့ကို နှစ်နိုင်ငံစလုံးက နီးနီးကပ်ကပ်နဲ့ လက်တွဲဆောင်ရွက် ရမယ်လို့ အင်ဒိုနီးရှားသမ္မတ Yudhoyono က လည်း ပြောခဲ့ပါတယ်။ အခု မစ္စတာ Abbott ရဲ့ အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အတွင်း ဒီ လူဝင်မှုကြီးကြပ်ရေး ပြဿနာဟာ ဆွေးနွေးမယ့်အထဲ လွှမ်းမိုးတဲ့အကြောင်းအရာဖြစ်နေပါတယ်။

ခေါင်းဆောင်နှစ်ဦး အခုလိုမတွေ့ခင် ရက်ပိုင်းအလိုမှာပဲ အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ လှေစီးပြေးဒုက္ခသည်တွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့တာကြောင့် ဒုက္ခသည် ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အခုလအစောပိုင်းက အသစ်ရွေးချယ်ခံခဲ့ရတဲ့ သြစတေးလျှဝန်ကြီးချုပ်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံကတဆင့် သြစတေးလျှနိုင်ငံဘက်ကို မကြာခဏ ဝင်ရောက်ခိုလှုံကြတဲ့ လှေစီးပြေးဒုက္ခသည်တွေရဲ့ လှေသင်္ဘောတွေကို ရပ်ပစ်မယ်လို့ ကတိပေးပြီး အနိုင်ရလာခဲ့သူပါ။ အခု မူဝါဒသစ်အရဆိုရင်တော့ သြစတေးလျှနိုင်ငံ ကမ်းရိုးတန်းကို ဝင်ရောက်လာတဲ့ လှေသင်္ဘောတွေကို သြစတေးလျှရေတပ်အနေနဲ့ တားမြစ်ပြီး နောက်ပြန်လှည့်ခိုင်းဖို့ အမိန့်ထုတ်ထားပါတယ်။

ဒီ မူဝါဒအပေါ် အင်ဒိုနီးရှားနိုင်ငံအဖို့ မကျေမနပ်ဖြစ်စေပြီး ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
XS
SM
MD
LG