သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစတချို့ ရှာဖွေရေးလေယာဉ်တွေ့ရှိ


ပျောက်ဆုံးလေယာဉ် ရှာဖွေရေးလုပ်ငန်း။ (မတ် ၂၈၊ ၂၀၁၄)
ပျောက်ဆုံးလေယာဉ် ရှာဖွေရေးလုပ်ငန်း။ (မတ် ၂၈၊ ၂၀၁၄)
ပျောက်နေဆဲဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာရဲ့ မြောက်ဖက်ရွှေ့ပြီး ရှာနေတဲ့နေရာမှာ အရာဝတ္ထုတွေကို ရှာဖွေရေး လေယာဉ်ပေါ်ကနေ တွေ့ရှိခဲ့ပါတယ်။ Perth မြို့ရဲ့ အနောက်ဖက် မိုင် ၁၁၀၀ ကျော်လောက်က အသစ်ပြောင်း ရှာနေတဲ့ နေရာမှာ အရာဝတ္ထုတွေကို နယူးဇီလန် တော်ဝင်လေတပ်က Orion ကင်းထောက်လေယာဉ် ကနေ တွေ့ရှိခဲ့တယ်လို့ (AMSA) သြစတြေးလျ
ရေကြောင်းလုံခြုံရေး အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ကို ပြန်ပို့ပေးပြီး အတည်ပြုနိုင်ဖို့
လုပ်နေပြီလို့ AMSA ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်၊
အဲဒီ့နေရာဆီကို စနေနေ့ မတိုင်ခင်တော့ သင်္ဘောတွေ ရောက်နိုင်မှာ
မဟုတ်ဘူးလို့ ပြောပါတယ်။ ပျောက်နေတဲ့ လေယာဉ်ဟာ အရင်ခန့်မှန်းထားထက် ပိုမြန်တဲ့နှုန်း နဲ့ ပျံသန်းခဲ့ပုံရပြီး လောင်စာကလဲ
ပိုစောပြီးကုန်သွားနိုင်တဲ့အတွက် လေယဉ်ပျံသန်းတဲ့ အကွာအဝေး ပို
တိုခဲ့တယ်လို့ စုံစမ်းစစ်ဆေးနေသူတွေက တွက်ချက်ခဲ့ပြီး ရှာဖွေတဲ့နေရာကို
အရင်ရှာနေတဲ့ နေရာထက် မိုင် ၆၀၀ ကျော် အရှေ့မြောက်ဖက်ကို ပြောင်းပြီး
ဒီကနေ့ သောကြာနေ့မှာ ရှာဖွေခဲ့ကြပါတယ်။

လေယာဉ်ပျောက်ရှာဖွေရေးအတွက် ရထားတဲ့ သဲလွန်စတွေထဲ မှာ အခုရရှိတဲ့ ရေဒါအချက်အလက်တွေဟာ စိတ်အချရဆုံးဖြစ်တယ်လို့ AMSA အထွေထွေမန်နေဂျာ John Young ကပြောခဲ့ပါတယ်။ အရင်နေရာမှာ ရှာဖွေခဲ့တာကိုလဲ အလဟဿလို့ မမြင်ဘူးလို့ သူကဆိုပါတယ်။

ပင်လယ်ကြီးဟာ ရွေ့လျားနေတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပါတ်တွေတုန်းက
ဂြိုလ်တုပေါ်ကနေတွေ့ခဲ့တဲ့ အပိုင်းအစတွေက အခု နေရာသစ်မှာ တွေ့တာတွေနဲ့
တူနိုင်တယ်လို့ မလေးရှားသယ်ယူပို့ဆောင်ရေး ယာယီဝန်ကြီး Hishammuddin
Hussein ကပြောပါတယ်။

အရင်ရှာနေတဲ့ နေရာနားမှာ နောက်ထပ် အရာဝတ္ထုတွေမြင်ရတဲ့ ဂြိုလ်တု ဓါတ်ပုံတွေကို ထိုင်းနဲ့ ဂျပန်နိုင်ငံတွေကနေရရှိထားတယ် လို့လဲ ဝန်ကြီး ဟူစိန်က ပြောပါတယ်။
XS
SM
MD
LG