သုံးရလွယ်ကူစေသည့် Link များ

IS အစ္စလာမ်မစ် စစ်သွေးကြွ သြစတြေးလျ ချေမှုန်းမည်


အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်း စစ်ဆင်။
အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်း စစ်ဆင်။

အီရတ်နိုင်ငံအတွင်းမှာရှိနေတဲ့ Islamic State အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်ပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ သြစတေးလျ အစိုးရအဖွဲ့က အတည်ပြုလိုက်ပါပြီ။

Islamic State အစ္စလာမ် စစ်သွေးကြွတွေကို လူသတ်အဖွဲ့လို့ တင်စား ခေါ်ဝေါ် လိုက်ပြီး သူတို့ကို အနိုင်ရရှိနိုင်ရေးဟာ သြစတေးလျနိုင်ငံရဲ့ အကျိုးစီးပွားနဲ့လည်း ဆိုင်တယ်လို့ ဝန်ကြီးချုပ် Tony Abbott က သောကြာနေ့မှာ ကြေငြာလိုက်ပါတယ်။

“ အီရတ်အစိုးရရဲ့ တောင်းဆိုမှု အီရတ်အစိုးရကို ပံ့ပိုး ကူညီတဲ့အနေနဲ့ သြစတေးလျနိုင်ငံကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်သွားဖို့ အစိုးရအဖွဲ့က ဒီကနေ့ အတည်ပြုပေးလိုက်တဲ့အကြောင်း၊ ဒါ့အပြင် အီရတ် တပ်ဖွဲ့တွေကို အကြံပေး ကူညီမှုတွေ လုပ်ဆောင်ဖို့အတွက် ဥပဒေကြောင်းအရ တရားဝင် အတည်ပြုပြီးရင် သြစတေးလျ အထူးတပ်ဖွဲ့ဝင်တွေ အဲဒီကို စေလွတ်ဖို့အတွက်လည်း အစိုးရအဖွဲ့က တရားဝင် ခွင့်ပြုလုပ်ပြီ ဖြစ်ပါတယ် - လို့ ပြောသွားတာပါ။”

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေကို တူရကီတပ်ဖွဲ့တွေ စေလွတ်ရေးအတွက် တူရကီလွှတ်တော်အမတ်တွေက အတည်ပြုပြီး တစ်ရက်အကြာမှာ သြစတေးလျက အခုလို ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်လာတာလည်း ဖြစ်ပါတယ်။

တူရကီလွတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေအရ IS အစ္စလာမ် အစွန်းရောက်အဖွဲ့တွေကို တိုက်ခိုက်မယ့် နိုင်ငံခြားတပ်ဖွဲ့တွေ တူရကီနိုင်ငံအတွင်းမှာ အခြေစိုက်ခွင့်ပြုထားပါတယ်။

ကဒ်လူမျိုးစုတွေရဲ့ နယ်စပ်မြို့မှာ IS အဖွဲ့ဝင်တွေနဲ့ ကဒ်လူမျိုးစု တပ်ဖွဲ့တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့အတွက် IS အဖွဲ့ကို တိုက်ခိုက်ဖို့ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တူရကီနိုင်မှာလည်း ဖိအားတွေ များလာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG