သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုနဲ့သံသယရှိသူ ငါးဦး သြစတေးလျ ဖမ်းဆီး


ግብፅ ካይሮ ቅዱስ ማርቆስ ቤተክርስቲያን
ግብፅ ካይሮ ቅዱስ ማርቆስ ቤተክርስቲያን

Australia နိုင်ငံ Melbourne မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဖို့စီစဉ်နေကြတယ်လို့ ဆိုတဲ့ မသင်္ကာသူ ဆယ်ကျော်သက် ၅ ယောက်ကို
ဖမ်းဆီးလိုက်ပါတယ်။ ဒီကနေ့ စနေနေ့ အစောပိုင်းက ဖမ်းဆီးခဲ့သူတွေဟာ ဧပြီလ ၂၅ ရက်နေ့ ကျရင် ကျင်းပမဲ့ Australia နဲ့ New Zealand စစ်ပြန်တွေကိုဂုဏ်ပြုတဲ့ ANZAC Day နေ့ အခမ်းအနားတွေမှာ ရဲအရာရှိတွေကို ပစ်မှတ်ထားတိုက်ခိုက်တာအပါအဝင် IS စစ်သွေးကြွတွေကို အားကျတဲ့တိုက်ခိုက်မှု လုပ်ဖို့ စီစဉ်နေကြတာလို့ ပြည်ထောင်စုရဲတပ်ဖွဲ့ ဒုတိယ ယာယီရဲမင်းကြီး Neil Gaughan ကပြောကြားခဲ့ပါတယ်။

ဖမ်းဆီးစဉ်မှာ သိမ်းဆည်းရထားတဲ့ သက်သေခံအထောက်အထားတချို့နဲ့ တခြား သတင်းအချက်အလက်တွေအရ IS စစ်သွေးကြွတွေကို အားကျပြီး
တိုက်ခိုက်ဖို့ စီစဉ်နေကြတယ်ဆိုတာ ယုံကြည်ရတယ်လို့ ပြည်ထောင်စုရဲတပ်ဖွဲ့ ဒုတိယ ယာယီရဲမင်းကြီး Neil Gaughan ကပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခဲ့သူတွေထဲမှာ တိုက်ခိုက်မှုလုပ်ဖို့ ပြင်ဆင်နေသူ ၁၈ နှစ်အရွယ် ၂ ယောက်ပါတယ်လို့ ရဲကပြောပါတယ်။ နောက် ၁၈ နှစ်အရွယ်တယောက်ကို လက်နက်မှုနဲ့ ဖမ်းဆီးထားပြီး နောက်ထပ် အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် ၂ ယောက်ကိုလည်း ရဲက ခေါ်ယူစစ်ဆေး မေးမြန်းနေပါတယ်။

အကြမ်းဖက်မှုတန်ပြန်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်ပေါင်း ၂၀၀ ထက်မနည်းက Melbourne မြို့တဝန်း ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးမှုတွေ လုပ်ခဲ့ကြတာပါ။ IS စစ်သွေးကြွတွေကို အားပေးထောက်ခံသူတွေရဲ့အန္တရာယ် နိုင်ငံတွင်းမှာရှိနေတဲ့အတွက် Australia နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်တဲ့ သတိပေးမှု အဆင့်ကို ပြီးခဲ့တဲ့နှစ် September လထဲက အဆင့်မြှင့်ထားပြီး အကြမ်းဖက်မှုတန်ပြန်ရေး စီးနင်းရှာဖွေမှုတွေလုပ်နေတာပါ။

IS အဖွဲ့ပြောခွင့်ရသူက သူ့အဖွဲ့အပေါ် ထောက်ခံသူတွေအနေနဲ့ ကိုယ်ရှိနေတဲ့နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေလုပ်ကြဖို့ ပြီးခဲ့တဲ့နှစ်တုန်းက ဆော်သြထားတဲ့ အထဲမှာ Australia နိုင်ငံကို နာမည်တပ်ပြီး တိုက်ခိုက်ဖို့ ပြောခဲ့တာပါ၊ ခုလိုအခြေအနေမျိုးဖြစ်နေပေမဲ့ ရှေ့သီတင်းပတ် စနေနေ့မှာ ကျင်းပမယ့် ANZAC Day နေ့ဂုဏ်ပြုပွဲတွေကို Australia ပြည်သူတွေ ပါဝင်ဆင်နွဲကြပြီး လွတ်လပ် ငြိမ်းချမ်းတဲ့အခြေအနေတွေကို ထိခိုက်ဖျက်ဆီးလို့ မရဘူးဆိုတာကို ပြသကြဖို့ Australia ဝန်ကြီးချုပ် Tony Abbott က တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG