သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေနာက္ေတာင္ပစၥိဖိတ္ တ႐ုတ္စစ္ေရးႀကီးစိုးႏိုင္ေျခ ၾသစေၾတးလ် စိုးရိမ္


FILE - Australian Army soldiers talk with local citizens during a community engagement patrol through Honiara, Solomon Islands, Nov. 27, 2021. A leaked document indicates that China could boost its military presence in the Solomon Islands in a developmen

ပစၥဖိတ္သမုဒၶရာထဲက ေဆာ္လမြန္ကြၽန္းစုႏိုင္ငံဟာ တ႐ုတ္နဲ႔လုံၿခဳံေရးဆိုင္ရာ သေဘာ တူညီခ်က္အတြက္ညႇိႏႈိင္းေဆာင္႐ြက္ေနတယ္လို႔အတည္ျပဳေျပာဆိုလိုက္တဲ့အေပၚအိမ္နီးျခင္းၾသစေတ်းလ်ားနဲ႔နယူးဇီလန္ႏိုင္ငံေတြကစိုးရိမ္မကင္းျဖစ္ၾကပါတယ္။ ဒီေၾကာင္း Phil Mercer ၾသစေတ်းလ်ားႏိုင္ငံ ဆစ္ဒနီၿမိဳ႕ကေန သတင္းေပးပို႔ထားတာကို ကိုေဇာ္မိုးေက်ာ္ကေျပာျပေပးပါမယ္။

ၾသစေတ်းလ်ားႏိုင္ငံရဲ႕ အေရွ႕ေျမာက္ဘက္မိုင္ ၂၀၀၀ အေဝးမွာရွိတဲ့ ပစၥဖိတ္သမုဒၶရာ အေနာက္ေတာင္ဖက္ပိုင္းမွာရွိတဲ့ ေဆာ္လမြန္ကြၽန္းစုႏိုင္ငံဟာ လုံၿခဳံေရးသေဘာတူညီ ခ်က္အသစ္အတြက္တ႐ုတ္နဲ႔ညႇိႏိုင္းေနပါတယ္။ ဒီသေဘာတူညီခ်က္မူၾကမ္းကိုၾကာသပေတးေန႔တုန္းက လူမႈကြန္ယက္စာမ်က္ႏွာေပၚ မွာေဖၚျပခဲ့ပါတယ္။ ဒီသေဘာတူညီခ်က္အရ ေဆာ္လမြန္ကြၽန္းစုႏိုင္ငံမွာရွိတဲ့ တ႐ုတ္ရဲ႕ အဓိကစီမံကိန္းေတြနဲ႔တ႐ုတ္လူမ်ိဳးေတြကိုကာကြယ္ဖို႔အတြက္တ႐ုတ္လက္ႏွက္ကိုင္ရဲ နဲ႔ စစ္သားေတြကိုေစလႊတ္ခြင့္ျပဳမယ့္ သေဘာရွိပါတယ္။

ၾသစေတ်းလ်ားကေတာ့ ဒီသေဘာတူညီခ်က္ကေနတ႐ုတ္ရဲ႕အၿမဲတမ္းစစ္စခန္းတည္ ေဆာက္တဲ့အထိဦးတည္ေရာက္ရွိသြားမွာကိုစိုးရိမ္မႈေတြရွိေနပါတယ္။ ၾသစေတ်းလ်ားနဲ႔နယူးဇီလန္ႏိုင္ငံေတြဟာအစဥ္အဆက္ ေဆာ္လမြန္ကြၽန္းႏိုင္ငံရဲ႕ကာ ကြယ္ေရးမဟာမိတ္ေတြျဖစ္ၿပီး၊ ပုံမွန္ေထာက္ပံလႈဒန္းေနတဲ့ႏိုင္ငံေတြလည္းျဖစ္ပါတယ္။

ၾသစေတ်းလ်ား ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne ကေတာ့ ေဆာ္လမြန္ကြၽန္းႏိုင္ငံရဲ႕ အခ်ဳပ္ျခာတည္ရွိမႈနဲ႔ဆုံးျဖတ္လုပ္ေဆာင္ပိုင္ခြင့္ကိုေလးစားပါတယ္၊ ဒါေပမယ့္ ေဒသတြ င္းလုံၿခဳံေရးနဲ႔တည္ၿငိမ္ေရးကိုထိခိုက္ေစမွာကိုေတာ့စိုးရိမ္တယ္လို႔ ေျပာဆိုပါတယ္။

နယူးဇီလန္ကေတာ့ ဒီအစီစဥ္ဟာ ေဒသတြင္းလုံၿခဳံေရးကိုမတည္မၿငိမ္ျဖစ္ေစမယ့္ အႏၲ ရယ္ရွိတယ္လို႔ေျပာဆိုပါတယ္။
ဒါ့အျပင္ ၾသစေတ်းလ်ားဝန္ႀကီးခ်ဳပ္ေဟာင္းလည္းျဖစ္၊ ႏိုင္ငံတကာNGO ျဖစ္တဲ့ Asia Society ရဲဥကၠဌလည္းျဖစ္တဲ့ Kevin Rudd ကေတာ့ တ႐ုတ္ရဲ႕အေျခခံစခန္းျဖစ္လာ ႏိုင္တဲ့ ေဆာ္လမြန္ကြၽန္းစုႏိုင္ငံရဲ႕အစီအစဥ္ဟာစိုးရမ္းစရာေကာင္းတယ္လို႔ ၾသစေတ်း လ်ားအသံလႊင့္ဌာန ABC ကိုေျပာဆိုခဲ့ပါတယ္။

“သမိုင္းတေလ်ာက္ ၾသစေတ်းလ်ားအေနနဲ႔ ဒီပစၥဖိတ္ကြၽန္းႏိုင္ငံနဲ႔ဆက္ဆံခဲ့တဲ့အထဲမွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္းဒီကိစၥဟာ အထူးျခားဆုံးလုံၿခဳံေရးဆိုင္ရာေျပာင္းလဲျဖစ္ ေပၚမႈတခုပါဘဲ။ ဒီကိစၥဟာ ၾသစေတ်းလ်ား အမ်ိဳးသားလုံၿခဳံေရးအက်ိဳးစီးပြားနဲ႔ဆန႔္က်င္ ဘက္ျဖစ္ေနပါတယ္။ ေဆာ္လမြန္ကြၽန္းစုႏိုင္ငံလို ၾသစေတ်းလ်ားေရပိုင္နက္နဲ႔နီးကပ္တဲ့ ေနရာမွာႏိုင္ငံတခုရွိလာမယ္ဆိုရင္၊ ဒါဟာ ၾသစေတ်းလ်ားရဲ႕ အနီးကပ္မဟာဗ်ဴဟာ ေျမာက္လုံၿခဳံေရးဆိုင္ရာပတ္ဝန္းက်င္မွာ ႀကီးမားတဲ့ေျပာင္းလဲမႈတခုျဖစ္ပါတယ္။”

ေဆာ္လမြန္ကြၽန္းစုႏိုင္ငံအစိုးရကေတာ့ တ႐ုတ္အပါအဝင္ေနာက္ထပ္ႏိုင္ငံေတြနဲ႔လုံၿခဳံ ေရးဆိုင္ရာသေဘာတူညီခ်က္ကိုခ်ဲ႕ထြင္တာျဖစ္တယ္လို႔ေျပာဆိုပါတယ္။

ေဆာ္လမြန္အစိုးရဟာ ထိုင္ဝမ္နဲ႔တရားဝင္ဆက္သြယ္မႈေတြျပဳလုပ္ခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွာ တ႐ုတ္နဲ႔သံတမံဆက္ဆံေရးထူေထာင္ခဲ့ပါတယ္။ အင္ဒိုပစၥဖိတ္ေဒသအတြင္းတ႐ုတ္ရဲ႕ၾသဇာႀကီးထြားလာမႈေၾကာင့္ ၾသစေတ်းလ်ားရဲ႕ စိုးရိမ္မႈ ေတြလည္းတိုးလာေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ထဲ အကူအညီေပးေရး အစီအစဥ္အတြက္ အသုံးစရိတ္ေတြလည္းတိုးျမႇင့္သုံးစြဲခဲ့ပါတယ္။
ေဒသတြင္းတ႐ုတ္ရဲ႕အစီအစဥ္ေတြအေပၚစိုးရိမ္လာတဲ့အတြက္ ၿပီးခဲ့တဲ့ ေဖေဖၚဝါရီလ ထဲတုန္းကေတာ့ အေမရိကန္ျပည္ေထာင္စုက ေဆာ္လမြန္ကြၽန္းႏိုင္ငံမွာသူ႔ရဲ႕သံ႐ုံးျပန္ ဖြင့္မယ္လို႔ေျပာဆိုခဲ့ပါတယ္။

-------------------------

အနောက်တောင်ပစ္စိဖိတ် တရုတ်စစ်ရေးကြီးစိုးနိုင်ခြေ သြစတြေးလျ စိုးရိမ်

ပစ္စဖိတ်သမုဒ္ဓရာထဲက ဆော်လမွန်ကျွန်းစုနိုင်ငံဟာ တရုတ်နဲ့လုံခြုံရေးဆိုင်ရာ သဘော တူညီချက်အတွက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့အတည်ပြုပြောဆိုလိုက်တဲ့အပေါ်အိမ်နီးခြင်းသြစတျေးလျားနဲ့နယူးဇီလန်နိုင်ငံတွေကစိုးရိမ်မကင်းဖြစ်ကြပါတယ်။ ဒီကြောင်း Phil Mercer သြစတျေးလျားနိုင်ငံ ဆစ်ဒနီမြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်ကပြောပြပေးပါမယ်။

သြစတျေးလျားနိုင်ငံရဲ့ အရှေ့မြောက်ဘက်မိုင် ၂၀၀၀ အဝေးမှာရှိတဲ့ ပစ္စဖိတ်သမုဒ္ဓရာ အနောက်တောင်ဖက်ပိုင်းမှာရှိတဲ့ ဆော်လမွန်ကျွန်းစုနိုင်ငံဟာ လုံခြုံရေးသဘောတူညီ ချက်အသစ်အတွက်တရုတ်နဲ့ညှိနိုင်းနေပါတယ်။ ဒီသဘောတူညီချက်မူကြမ်းကိုကြာသပတေးနေ့တုန်းက လူမှုကွန်ယက်စာမျက်နှာပေါ် မှာဖေါ်ပြခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ ဆော်လမွန်ကျွန်းစုနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ အဓိကစီမံကိန်းတွေနဲ့တရုတ်လူမျိုးတွေကိုကာကွယ်ဖို့အတွက်တရုတ်လက်နှက်ကိုင်ရဲ နဲ့ စစ်သားတွေကိုစေလွှတ်ခွင့်ပြုမယ့် သဘောရှိပါတယ်။

သြစတျေးလျားကတော့ ဒီသဘောတူညီချက်ကနေတရုတ်ရဲ့အမြဲတမ်းစစ်စခန်းတည် ဆောက်တဲ့အထိဦးတည်ရောက်ရှိသွားမှာကိုစိုးရိမ်မှုတွေရှိနေပါတယ်။ သြစတျေးလျားနဲ့နယူးဇီလန်နိုင်ငံတွေဟာအစဉ်အဆက် ဆော်လမွန်ကျွန်းနိုင်ငံရဲ့ကာ ကွယ်ရေးမဟာမိတ်တွေဖြစ်ပြီး၊ ပုံမှန်ထောက်ပံလှုဒန်းနေတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။

သြစတျေးလျား နိုင်ငံခြားရေးဝန်ကြီး Marise Payne ကတော့ ဆော်လမွန်ကျွန်းနိုင်ငံရဲ့ အချုပ်ခြာတည်ရှိမှုနဲ့ဆုံးဖြတ်လုပ်ဆောင်ပိုင်ခွင့်ကိုလေးစားပါတယ်၊ ဒါပေမယ့် ဒေသတွ င်းလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုထိခိုက်စေမှာကိုတော့စိုးရိမ်တယ်လို့ ပြောဆိုပါတယ်။

နယူးဇီလန်ကတော့ ဒီအစီစဉ်ဟာ ဒေသတွင်းလုံခြုံရေးကိုမတည်မငြိမ်ဖြစ်စေမယ့် အန္တ ရယ်ရှိတယ်လို့ပြောဆိုပါတယ်။
ဒါ့အပြင် သြစတျေးလျားဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ နိုင်ငံတကာNGO ဖြစ်တဲ့ Asia Society ရဲဥက္ကဌလည်းဖြစ်တဲ့ Kevin Rudd ကတော့ တရုတ်ရဲ့အခြေခံစခန်းဖြစ်လာ နိုင်တဲ့ ဆော်လမွန်ကျွန်းစုနိုင်ငံရဲ့အစီအစဉ်ဟာစိုးရမ်းစရာကောင်းတယ်လို့ သြစတျေး လျားအသံလွှင့်ဌာန ABC ကိုပြောဆိုခဲ့ပါတယ်။

“သမိုင်းတလျောက် သြစတျေးလျားအနေနဲ့ ဒီပစ္စဖိတ်ကျွန်းနိုင်ငံနဲ့ဆက်ဆံခဲ့တဲ့အထဲမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်းဒီကိစ္စဟာ အထူးခြားဆုံးလုံခြုံရေးဆိုင်ရာပြောင်းလဲဖြစ် ပေါ်မှုတခုပါဘဲ။ ဒီကိစ္စဟာ သြစတျေးလျား အမျိုးသားလုံခြုံရေးအကျိုးစီးပွားနဲ့ဆန့်ကျင် ဘက်ဖြစ်နေပါတယ်။ ဆော်လမွန်ကျွန်းစုနိုင်ငံလို သြစတျေးလျားရေပိုင်နက်နဲ့နီးကပ်တဲ့ နေရာမှာနိုင်ငံတခုရှိလာမယ်ဆိုရင်၊ ဒါဟာ သြစတျေးလျားရဲ့ အနီးကပ်မဟာဗျူဟာ မြောက်လုံခြုံရေးဆိုင်ရာပတ်ဝန်းကျင်မှာ ကြီးမားတဲ့ပြောင်းလဲမှုတခုဖြစ်ပါတယ်။”

ဆော်လမွန်ကျွန်းစုနိုင်ငံအစိုးရကတော့ တရုတ်အပါအဝင်နောက်ထပ်နိုင်ငံတွေနဲ့လုံခြုံ ရေးဆိုင်ရာသဘောတူညီချက်ကိုချဲ့ထွင်တာဖြစ်တယ်လို့ပြောဆိုပါတယ်။

ဆော်လမွန်အစိုးရဟာ ထိုင်ဝမ်နဲ့တရားဝင်ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ တရုတ်နဲ့သံတမံဆက်ဆံရေးထူထောင်ခဲ့ပါတယ်။ အင်ဒိုပစ္စဖိတ်ဒေသအတွင်းတရုတ်ရဲ့သြဇာကြီးထွားလာမှုကြောင့် သြစတျေးလျားရဲ့ စိုးရိမ်မှု တွေလည်းတိုးလာနေပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ အကူအညီပေးရေး အစီအစဉ်အတွက် အသုံးစရိတ်တွေလည်းတိုးမြှင့်သုံးစွဲခဲ့ပါတယ်။
ဒေသတွင်းတရုတ်ရဲ့အစီအစဉ်တွေအပေါ်စိုးရိမ်လာတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ထဲတုန်းကတော့ အမေရိကန်ပြည်ထောင်စုက ဆော်လမွန်ကျွန်းနိုင်ငံမှာသူ့ရဲ့သံရုံးပြန် ဖွင့်မယ်လို့ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG