သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲ မဲပေးနေကြပြီ


သြစတြေးလျက မဲဆန္ဒရှင်တွေဟာ နှစ်ပေါင်းများစွာအတွင်းမှာ အကျိတ်အနယ်ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲအတွက် အခု ဆန္ဒမဲပေးနေကြပြီဖြစ်ပါတယ်။ မဲရုံတွေကို ဒေသစံတော်ချိန် မနက် ၈ နာရီမှာကတည်းက စဖွင့်ထားပြီး နိုင်ငံသား ၁၄ သန်းကျော် မဲပေးသွားကြမှာ ဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် ကောက်ကူထားခဲ့တဲ့ စစ်တမ်းတွေအရတော့ လေဘာပါတီခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ဂျူလာ ဂေးလက် က လေဘာပါတီ ခေါင်းဆောင်နဲ့ ညွှန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင် တိုနီအက်ဘော့ နဲ့ သူမသာကိုယ်မသာ အခြေအနေမှာပဲ ရှိနေပါတယ်။ တကယ်လို့ မစ္စ ဂေးလက်က အနိုင်ရမယ်ဆိုရင်တော့ သြစတြေးလျမှာ သူမဟာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာမှာပါ။

အာဏာရ လေဘာပါတီရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု လျော့ပါးလာနေတဲ့ ကီဖင် ရက်ဖ် ရဲ့ နေရာမှာ မစ္စ ဂေးလက်ကို ပြီးခဲ့တဲ့ ၂ လတုန်းကပဲ အစားထိုး ခန့်အပ်ခဲ့တာပါ။ ကမ္ဘာ့စီးပွားပျက် ကပ်ကို ဖြတ်သန်းချိန်မှာတုန်းက သြစတြေးလျနိုင်ငံဟာ လေဘာပါတီရဲ့ စီးပွားရေး မူဝါဒတွေကြောင့် တခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ကောင်းမွန်တဲ့ရလဒ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့လည်း လေဘာပါတီဟာ စီးပွားရေးနိုးဆွဖို့ အစီအစဉ်တွေထက် ပြည်သူ့ဘဏ္ဍာတွေကို ဖောဖောသီသီ သုံးခဲ့တယ်လို့ မစ္စတာ တိုနီအက်ဘော့ က ထောက်ပြပါတယ်။

သတ္ထုရှာဖွေရေး အခွန်တောင်းခံဖို့ အဆိုပြုတဲ့ကိစ္စနဲ့ တယ်လီဖုန်းနဲ့ ကြေးနန်းဆက်သွယ်ရေး အခြေခံ အဆောက်အဦးတွေ တိုးချဲ့ဖို့ အဆိုပြုတဲ့ကိစ္စတွေမှာတော့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့်သူ နှစ်ဘက်စလုံးက သဘောမတူကြပါဘူး။

XS
SM
MD
LG