သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ အာဏာရပါတီ အမတ်တနေရာနဲ့ ကပ်အနိုင်ရ

သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ် (Julia Gillard) ရဲ့ လေဘာပါတီဟာ ရွေးကောက်ပွဲမှာ ပါလီမန်နေရာ တနေရာကပ်နဲ့ ပါလီမန်မှာ အများစုဖြစ်ပြီး သူမအနေနဲ့ အစိုးရနေရာကို ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ မစ်စ် ဂေးလ်လာ့ဒ်က ပြောလိုက်ပါတယ်။

သြစတြေးလျ ပြည်သူတွေဟာ အမျိုးသား အကျိုးစီးပွားအတွက် တူညီတဲ့ အခြေခံကို ရှာဖို့ အစိုးရကို လိုလားနေတယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း မဲရေတွက်မှု ပြီးဆုံးတဲ့ အချိန်မှာ မစ်စ် ဂေးလ်လာ့ဒ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ မဲမတင်မကျဖြစ်ပြီး နိုင်ငံရေးအရ လိပ်ခဲတည်းလည်း နှစ်ပတ်ကြာ ဖြစ်နေခဲ့တာ အခု အင်္ဂါနေ့မှာတော့ အဆုံးသတ်သွားပါပြီ။ တသီးပုဂ္ဂလ အမတ် ၃ ဦးထဲက ၂ ဦးဟာ ဝန်ကြီးချုပ် ဂေးလ်လာ့ဒ်ကို ထောက်ခံလိုက်ပြီလို့ ကြေညာလိုက်တာကြောင့် သူမဘက်က ပါလီမန်မှာ ကပ်ပြီး အများစု ဖြစ်သွားပါတယ်။

တသီးပုဂ္ဂလ အမတ် ၂ ဦးဖြစ်တဲ့ တိုနီ ဝင်ဒါ (Tony Windor) နဲ့ ရော့ဘ် အုတ်ခ်ရှော့တ် (Robb Oakeshott) တို့က လေဘာပါတီကို ထောက်ခံလိုက်တာပါ။

အခြား တသီးပုဂ္ဂလ အမတ်တဦးဖြစ်တဲ့ ဘော့ဘ် ကတ်တာ (Bob Katter) ကတော့ အတိုက်အခံ ရှေးရိုးစွဲဝါဒီ လစ်ဘရယ်ပါတီကို ထောက်ခံကြောင်း ဒီမတိုင်ခင်က ကြေညာခဲ့ပါတယ်။

This item is part of
XS
SM
MD
LG