သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ရေလွှမ်းမိုးမှု ပိုပျံ့နှံ့လာ


သြစတြေးလျ ရေလွှမ်းမိုးမှု ပိုပျံ့နှံ့လာ

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ်မှာ ရေကြီးမှုတွေ ပိုမို ဆိုးဝါးလာနေတာမို့ တနင်္ဂနွေနေ့မှာ လယ်မြေတွေမှာ နေထိုင်သူတွေကို အတင်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ မာရေး (Murray) မြစ်ရေ လျှံတာကို တားဆီးနိုင်ဖို့အတွက် ဆွမ်းန်ဟေးလ် (Swan Hill) မြို့ခံတွေဟာ မြစ်ရိုးတလျှောက်မှာ သဲအိတ်တွေနဲ့ ပိတ်ဆို့နေရပါတယ်။ ပတ်ဝန်းကျင်ဒေသ အတော်များများမှာလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဗစ်တိုးရီးယား ပြည်နယ်ထဲက မြို့ရွာ ၇၅ မြို့မှာ ရေကြီးပြီး ပတ်ဝန်းကျင် နေရာတွေမှာ နေထိုင်သူတွေပါ ရေဘေးဒဏ်ကို ခံခဲ့ကြရပါတယ်။

သြစတြေးလျနိုင်ငံမှာ ရေကြီးတဲ့ဒဏ်ကို ကွင်းစ်လန်းပြည်နယ်မှာ အကြီးအကျယ် ခံရပြီး ပြည်နယ် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့ ပြည်နယ် ဘဏ္ဍာရေးမှူး ၀ိန်းဆွမ်းန် (Wayne Swan) က တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

ကွင်းစ်လန်းပြည်နယ်ဟာ တဟုန်ထိုး တိုးတက်ခဲ့ပေမဲ့ ရေကြီးတဲ့ဒဏ်ကြောင့် နိုင်ငံ့ စီးပွားရေးကို ထိခိုက်စေခဲ့ကြောင်းနဲ့ ဒါဟာ ၁၉၇၄ ခုနှစ်က သြစတြေးလျနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ဟာထက် ပိုပြီး ဆိုးဝါးတယ်လို့လည်း သူက ပြောပါတယ်။

အဓိက ထိခိုက်တဲ့ စီးပွားရေး လုပ်ငန်းကတော့ ကျောက်မီးသွေး တင်ပို့တဲ့လုပ်ငန်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG