သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေး


မြန်မာသမ္မတဦးသိန်းစိန်နဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ တွေ့ဆုံ။ (Credit to Ministry of Information, Myanmar)
မြန်မာသမ္မတဦးသိန်းစိန်နဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ တွေ့ဆုံ။ (Credit to Ministry of Information, Myanmar)

သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Julie Bishop ရဲ့ သုံးရက်ကြာ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ အဖွဲ့ဝင် တို့ နဲ့ တရားဝင် တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီး မြုပ်နှံမှု ၊ နဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အကြောင်းဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး လူ့အခွင့်အရေး ကိစ္စကိုလည်း ပြောဆိုခဲ့တဲ့ အကြောင်း Ms. Bishop က ပြောတယ်လို့ ABC သြစတြေးလျ သတင်းဌာနက ကိုးကားပါတယ်။

သြစတြေးလျ တက္ကသိုလ် က ကျောင်းသားတွေ မြန်မာနိုင်ငံ မှာ နောက် လာမယ့် နှစ်က စပြီး ပညာသင်ကြားဖို့ အတွက် ကိုလံဘို အစီအစဉ်မှာ ပါဝင် လက်မှတ်ထိုးမယ် လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး က အတည်ပြု ပြောကြားပါတယ်။

ဒီအလည်အပတ် ခရီးစဉ်မှာ Ms. Bishopက ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ၄၅ မိနစ်ကြာတွေ့ဆုံခဲ့ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ဖို့ အားလုံး ရဲ့ ထောက်ခံချက်ကို ရစေချင်ပါတယ် လို့ Ms. Bishop က ပြောသွားပါတယ်။ ပြီးခဲ့တဲ့ နှစ်က သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Bob carr မြန်မာနိုင်ငံကို အလည်အပတ်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း သြစတြေးလျနိုင်ငံကို လည်ပတ်ခဲ့ပါသေးတယ်။

XS
SM
MD
LG