သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဩစေၾတးလ်အစိုးရေငြနဲ႔ ျမန္မာစစ္တပ္ဆက္ႏြယ္တဲ့ စစ္လက္နက္လုပ္ငန္းတခ်ိဳ႕ ပတ္သက္ဟု NUG ေဝဖန္


ရန္ကုန္၊ သာေကတၿမိဳ႕နယ္တြင္ ဆႏၵျပသူတဦးကို ႐ိုက္ႏွက္ဖမ္းဆီးေနသည့္ ရဲမ်ား။ ၆ ေမ ၂၀၂၁။

{{Zawgyi/Unicode}}

ၾသစေျတးလ်အစိုးရရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈ ရံပုံေငြေတြနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ေနတဲ့အထဲ ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္မႈရွိတဲ့ စစ္လက္နက္ထုတ္လုပ္တဲ့ ကုမၸဏီေတြလည္း ပါဝင္ေနတယ္လို႔ NUG - ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရက ေဝဖန္ ေထာက္ျပလိုက္ပါတယ္။

ၾသစေျတးလ်အစိုးရလက္ေအာက္ခံ Future Fund က ႀကီးၾကပ္ ရင္းႏွီးျမွဳပ္ႏွံေနတဲ့ ရံပုံေငြ ေဒၚလာ ၁၅၈ သန္းထဲမွာ ျမန္မာစစ္တပ္ကို တိုက္ေလယာဥ္ေတြ ေရာင္းခ်ေပးေနတဲ့ စစ္လက္နက္ ထုတ္လုပ္ေရးကုမၸဏီအပါအဝင္ အမ်ားျပည္သူ ရင္းႏွီးျမွဳပ္ႏွံႏိုင္တဲ့ ကုမၸဏီေပါင္း ၁၄ ခု ပါ၀င္တယ္ဆိုတာကို အမ်ားျပည္သူ သတင္းအခ်က္အလက္ လြတ္လပ္ခြင့္ရရွိေရးဆိုင္ရာ ဥပေဒ (FOI) အရ ေတာင္းဆို ရရွိထားတဲ့ အေထာက္အထားေတြမွာ ေတြ႔ရေၾကာင္း တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။

Future Fund အေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ ဆင္းရဲဒုကၡခံစားမႈေတြအေပၚ အက်ဳိးအျမတ္ ရယူခံစားေနတယ္လို႔ NUG ရဲ႕ ဘ႑ာေရးဝန္ႀကီး ဦးတင္ထြန္းႏိုင္က ေျပာတာကို ကိုးကားၿပီး ၾသစေျတးလ်အေျခစိုက္ ေအဘီစီ သတင္းဌာနမွာ ေဖာ္ျပပါတယ္။

ျမန္မာစစ္တပ္ဟာ လူသားမ်ဳိးႏြယ္အေပၚ ဆန္႔က်င္တဲ့ ရာဇဝတ္မႈေတြနဲ႔ လူမ်ဳိးတုံးသတ္ျဖတ္မႈေတြ က်ဴးလြန္တဲ့ေနရာေတြမွာ အဲဒီလက္နက္ေတြကို အသုံးခ်ေနေၾကာင္း၊ ဒါေၾကာင့္ ၾသစေျတးလ်အစိုးရနဲ႔ Future Fund အေနနဲ႔ အဲဒီ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ရပ္တန္႔ၾကဖို႔ ေတာင္းဆိုပါေၾကာင္း - ဝန္ႀကီး ဦးတင္ထြန္းႏိုင္ရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ေအဘီစီသတင္းမွာ ေဖာ္ျပပါတယ္။

ၾသစေျတးလ် စီးပြားေရးပညာရွင္ Sean Turnell ကို ျမန္မာစစ္တပ္က ဖမ္းဆီးၿပီး လအတန္ၾကာ ထိန္းသိမ္းထားတာကို ၾကည့္ျခင္းအားျဖင့္ Future Fund အေနနဲ႔ ျမန္မာစစ္တပ္ကို အက်ဳိးျဖစ္ထြန္းေစမယ့္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ မလုပ္ေဆာင္သင့္ဘူးဆိုတာကို မီးေမာင္း ထိုးျပေနျခင္းျဖစ္ေၾကာင္းလည္း ဝန္ႀကီး ဦးတင္ထြန္းႏိုင္က ေျပာပါတယ္။

ျမန္မာစစ္တပ္ကို တာေဝးနဲ႔ တာလတ္ပစ္ ဒုံးက်ည္ေတြအပါအဝင္ တိုက္ေလယာဥ္ေတြပါ ေရာင္းခ်ေပးေနတဲ့ Aviation Industry Corporation of China (AVIC) ဆိုတဲ့ တ႐ုတ္ကုမၸဏီမွာ Future Fund က အေမရိကန္ေဒၚလာ ၅ သန္း ရင္းႏွီးျမွဳပ္ႏွံထားတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ျမန္မာစစ္တပ္ကို ဆိုနာ၊ ေရဒါနဲ႔ တျခား ေစာင့္ၾကည့္ေရးဆိုင္ရာ စက္ပစၥည္းေတြ ေရာင္းခ်ေနတဲ့ အိႏၵိယအေျခစိုက္ Bharat Electronics ကုမၸဏီမွာ Future Fund က ေဒၚလာ ၁၈ သန္း ရင္းႏွီးျမဳပ္ႏွံထားတယ္လို႔ ဆိုပါတယ္။

ျမန္မာစစ္တပ္အေနနဲ႔ ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ျပန္လႊတ္ေပးၿပီး ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီအေရး ျပန္လည္ ေဖာ္ေဆာင္ဖို႔ ၾသစေျတးလ်အစိုးရက မၾကာခန ေဝဖန္ ေျပာဆိုေလ့ရွိေပမယ့္ စစ္ေကာင္စီအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ အသစ္ေတြခ်မွတ္ဖို႔ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြရဲ႕ ေတာင္းဆိုခ်က္ေတြကိုေတာ့ ခ်မွတ္ေဆာင္ရြက္ျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

ဩစတြေးလျအစိုးရငွေနဲ့ မြန်မာစစ်တပ်ဆက်နွယ်တဲ့ စစ်လက်နက်လုပ်ငန်းတချို့ ပတ်သက်ဟု NUG ဝေဖန်

သြစတြေးလျအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့အထဲ မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုရှိတဲ့ စစ်လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေတယ်လို့ NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ဝေဖန် ထောက်ပြလိုက်ပါတယ်။

သြစတြေးလျအစိုးရလက်အောက်ခံ Future Fund က ကြီးကြပ် ရင်းနှီးမြှုပ်နှံနေတဲ့ ရံပုံငွေ ဒေါ်လာ ၁၅၈ သန်းထဲမှာ မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေ ရောင်းချပေးနေတဲ့ စစ်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီအပါအဝင် အများပြည်သူ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ကုမ္ပဏီပေါင်း ၁၄ ခု ပါဝင်တယ်ဆိုတာကို အများပြည်သူ သတင်းအချက်အလက် လွတ်လပ်ခွင့်ရရှိရေးဆိုင်ရာ ဥပဒေ (FOI) အရ တောင်းဆို ရရှိထားတဲ့ အထောက်အထားတွေမှာ တွေ့ရကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

Future Fund အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခခံစားမှုတွေအပေါ် အကျိုးအမြတ် ရယူခံစားနေတယ်လို့ NUG ရဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောတာကို ကိုးကားပြီး သြစတြေးလျအခြေစိုက် အေဘီစီ သတင်းဌာနမှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တဲ့နေရာတွေမှာ အဲဒီလက်နက်တွေကို အသုံးချနေကြောင်း၊ ဒါကြောင့် သြစတြေးလျအစိုးရနဲ့ Future Fund အနေနဲ့ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တန့်ကြဖို့ တောင်းဆိုပါကြောင်း - ဝန်ကြီး ဦးတင်ထွန်းနိုင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေဘီစီသတင်းမှာ ဖော်ပြပါတယ်။

သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell ကို မြန်မာစစ်တပ်က ဖမ်းဆီးပြီး လအတန်ကြာ ထိန်းသိမ်းထားတာကို ကြည့်ခြင်းအားဖြင့် Future Fund အနေနဲ့ မြန်မာစစ်တပ်ကို အကျိုးဖြစ်ထွန်းစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဆောင်သင့်ဘူးဆိုတာကို မီးမောင်း ထိုးပြနေခြင်းဖြစ်ကြောင်းလည်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

မြန်မာစစ်တပ်ကို တာဝေးနဲ့ တာလတ်ပစ် ဒုံးကျည်တွေအပါအဝင် တိုက်လေယာဉ်တွေပါ ရောင်းချပေးနေတဲ့ Aviation Industry Corporation of China (AVIC) ဆိုတဲ့ တရုတ်ကုမ္ပဏီမှာ Future Fund က အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို ဆိုနာ၊ ရေဒါနဲ့ တခြား စောင့်ကြည့်ရေးဆိုင်ရာ စက်ပစ္စည်းတွေ ရောင်းချနေတဲ့ အိန္ဒိယအခြေစိုက် Bharat Electronics ကုမ္ပဏီမှာ Future Fund က ဒေါ်လာ ၁၈ သန်း ရင်းနှီးမြုပ်နှံထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ပြန်လည် ဖော်ဆောင်ဖို့ သြစတြေးလျအစိုးရက မကြာခန ဝေဖန် ပြောဆိုလေ့ရှိပေမယ့် စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေချမှတ်ဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကိုတော့ ချမှတ်ဆောင်ရွက်ခြင်း မရှိသေးပါဘူး။

#MyanmarMilitary #MyanmarAustralila #VOABurmese

#FutureFund#စစ်လက်နက် #သြစတြေးလျအစိုးရငွေ #မြန်မာစစ်တပ်#BharatElectronics

==========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG