Australia နိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ Liberal National ပါတီခေါင်းဆောင် Tony Abbott က ဝန်ကြီးချုပ်အဖြစ် အနိုင်ရသွားပါတယ်။
လေဘာပါတီခေါင်းဆောင် ဝန်ကြီးချုပ် Kavin Rudd က ရွေးကောက်ပွဲမှာ သူရှုံးနိမ့်သွားပြီဆိုတာကို လက်ခံပြောကြားလိုက်ပါတယ်။
Australia နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လာမဲ့ Tony Abbott ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အားလုံးအဆင်ပြေစေဖို့ ဆုတောင်းခဲ့တယ်လို့ Mr. Rudd က ပြောပါတယ်။ အသက် ၅၅ နှစ်အရွယ် Tony Abbott ဦးဆောင်တဲ့ Liberal-National ညွန့်ပေါင်းအဖွဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတဲ့အတွက်
လေဘာအစိုးရရဲ့ ၆ နှစ်ကြာ အုပ်ချုပ်မှုသက်တမ်း အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။
Australia နိုင်ငံဟာ အုပ်ချုပ်မှုသစ်အောက်ကို ရောက်လာပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက်လည်း လမ်းဖွင့်ထားပါပြီလို့ ရွေးကောက်ပွဲ အနိုင်ရမိန့်ခွန်းမှာ Mr. Abbott
က ပြောကြားခဲ့ပါတယ်။
Australia နိုင်ငံရဲ့ စီးပွားရေးကို ဒီထက်တိုးတက်အောင် ကြိုးစားသွားမယ်လို့ ကတိပြုခဲ့သလို လှေစီးပြေးဒုက္ခသည်တွေ Australia နိုင်ငံဆီ လာရောက် ခိုလှုံနေကြတာ ရပ်အောင်လုပ်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး ဆက်လက်တိုးတက်နေဖို့၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေကို တားဆီးရေးကိစ္စနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကြပ်တဲ့ဆောင်ရွက်မှုတွေလုပ်ရေးကိစ္စတို့ကို အခုရွေးကောက်ပွဲမှာ ဦးစားပေး မဲဆွယ်ခဲ့ကြတာ ဖြစ်ပါတယ်။
မဲ ၇၃ ရာခိုင်နှုန်းကျော်ရေတွက်ပြီးချိန်မှာ Liberal National ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ အမတ်နေရာ 87 နေရာ အနိုင်ရနေပြီး လေဘာပါတီက ၅၃ နေရာ အနိုင်ရထားပါတယ်ရှင်။