သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ၊ မလေးရှား ဒုက္ခသည် လဲလှယ်ရေး အစီအစဉ် တရားရုံး ပယ်ချ


သြစတြေးလျ၊ မလေးရှား ဒုက္ခသည် လဲလှယ်ရေး အစီအစဉ် တရားရုံး ပယ်ချ
သြစတြေးလျ၊ မလေးရှား ဒုက္ခသည် လဲလှယ်ရေး အစီအစဉ် တရားရုံး ပယ်ချ

သြစတြေးလျနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေကို မလေးရှားနိုင်ငံပို့မယ့် အစီအစဉ်ကို သြစတြေးလျ ဗဟိုတရားရုံးက ဟန့်တားထားလိုက်ပါတယ်။

မလေးရှားနိုင်ငံဟာ ဒုက္ခသည်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် ဒီ ဒုက္ခသည် ပြန်ပို့ရေး အစီအစဉ်ဟာ တရားဝင်ခြင်း မရှိဘူး၊ ဒါကြောင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေကို မလေးရှား အစိုးရက ကောင်းကောင်းမွန်မွန် ကြည့်ရှု စောင့်ရှောက်ဖို့ ဥပဒေအရ မလိုအပ်ဘူးဆိုပြီး ပြန်ပို့ခံရမယ့် အထဲက ဒုက္ခသည်တချို့က လျှောက်ထားခဲ့တာကြောင့် သြစတြေးလျ ဗဟိုတရားရုံးက ၆ မဲ ၁ မဲနဲ့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ဆုံးဖြတ်ချက် ချလိုက်တာပါ။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန် စိတ်ပျက်စရာ ကောင်းတယ်လို့ သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ခရစ်စ် ဘိုဝန် (Chris Bowen) က ပြောပါတယ်။ လူမှောင်ခိုကူးသူတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖျက်ဆီး ဟန့်တားနိုင်ဖို့ သြစတြေးလျ အစိုးရရဲ့ ကြိုးပမ်းချက်တွေကို ဖျက်ဆီးပစ်လိုက်ရာ ရောက်စေတယ်လို့လည်း ခရစ်စ် ဘိုဝန်က ပြောပါတယ်။

တတိယနိုင်ငံကို သွားနိုင်ဖို့အတွက် မလေးရှားနိုင်ငံမှာ စောင့်နေကြတဲ့ ဒုက္ခသည် ၄,၀၀၀ ကို သြစတြေးလျနိုင်ငံက လက်ခံပြီး စာရွက်စာတမ်း အထောက်အထား မရှိဘဲ သြစတြေးလျနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားကြသူ ၈၀၀ ကို မလေးရှားနိုင်ငံက လက်ခံမယ်ဆိုတဲ့ သဘောတူညီချက်ကို သြစတြေးလျနဲ့ မလေးရှား အစိုးရအကြား သဘောတူညီမှု ရထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG