သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနဲ့ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ် သြစတြေးလျ မဲခွဲဆုံးဖြတ်မည်

မလေးရှားနဲ့ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ် သြစတြေးလျ မဲခွဲဆုံးဖြတ်မည်
မလေးရှားနဲ့ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ် သြစတြေးလျ မဲခွဲဆုံးဖြတ်မည်

သြစတြေးလျနိုင်ငံမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေတရပ်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ဒီအစီအစဉ်ကို လွှတ်တော်က နောက်လအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီအစီအစဉ်ကို ခွင့်ပြုလိုက်မယ်ဆိုရင် မလေးရှားနိုင်ငံနဲ့ ဒုက္ခသည် အလဲအလှယ်လုပ်ခွင့် ရသွားမှာပါ။ ဒီကိစ္စကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး အချေအတင် ဆွေးနွေးမှုတွေကို မနေ့ကစပြီး သြစတြေးလျ လွှတ်တော်မှာ လုပ်နေကြပါပြီ။ အောက်တိုဘာလ ၁၁ ရက်နေ့ မတိုင်ခင်အထိ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။

သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ် (Julia Gillard) ကတော့ စာရွက်စာတမ်း အထောက်အထား ဘာမှမရှိဘဲ သြစတြေးလျမှာ ခိုလှုံခွင့်ရဖို့ လျှောက်ထားသူ ၈၀၀ ကို သူတို့ရဲ့ လျှောက်လွှာတွေ စိစစ်နေတဲ့ အချိန်အတောအတွင်း မလေးရှားနိုင်ငံမှာ ထိန်းသိမ်းထားဖို့ အဆိုတင်သွင်း ကမ်းလှမ်းထားပါတယ်။

ဒါပေမဲ့လည်း သြစတြေးလျနိုင်ငံ တရားရုံးချုပ်ကတော့ ဒီအစီအစဉ်ကို တားမြစ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ မလေးရှားနိုင်ငံဟာ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ သဘောတူ လက်မှတ်ထိုးထားတဲ့နိုင်ငံ မဟုတ်လို့ပါပဲတဲ့။

အခုအစီအစဉ်အရ မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေထဲက ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည် ၄,၀၀၀ ကို သြစတြေးလျက လက်ခံမယ့်သဘော ရှိနေပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေကလည်း ဒုက္ခသည်တွေအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုပေးဖို့ အများအပြား လျှောက်ထားကြတာ ရှိပါတယ်။

This item is part of
XS
SM
MD
LG