သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဩစေတးလ်နဲ႔နယူးဇီလန္ ကိုဗစ္ကန႔္သတ္ခ်က္ေျဖေလွ်ာ့


{{Zawgyi/Unicode}}

ကိုဗစ္ကူးစက္မႈေတြ တိုးျမင့္လို႔ ကန႔္သတ္ခ်က္ေတြခ်ထားတဲ့ ၾသစေတးလ်နဲ႔ နယူးဇီလန္တို႔မွာ တခ်ိဳ႕ ကန႔္သတ္ခ်က္ေတြ ေျဖေလွ်ာ့တာ၊ တခ်ိဳ႕ ဆက္ထားရွိတာေတြ လုပ္ထားပါတယ္။

ၾသစေတးလ်ႏိုင္ငံက လူဦးေရထူထပ္တဲ့ Sydney ၿမိဳ႕မွာေတ့ာ ကေလးေက်ာင္းေတြ ျပန္ဖြင့္ပါတယ္။ Sydney ၿမိဳ႕တည္ရွိတဲ့ New South Wales ျပည္နယ္မွာ ၁၆ ႏွစ္အထက္ အ႐ြယ္ေရာက္ၿပီးသူ ၈၀% ကာကြယ္ေဆးထိုးၿပီးၿပီ ျဖစ္လို႔ ကန႔္သတ္ခ်က္ေတြကို ျပန္ၿပီး ေျဖေလွ်ာ့ေပးေနတာျဖစ္တယ္လို႔ အရာရွိေတြက ေျပာပါတယ္။ အေဆာက္အဦးအတြင္း ႏွာေခါင္းစည္းမျဖစ္မေနတပ္ရမယ္ဆိုတဲ့ ကန႔္သတ္ခ်က္မရွိေတာ့ဘဲ စားေသာက္ဆိုင္ေတြ၊ ဘားဆိုင္ေတြနဲ႔ အားကစား႐ုံေတြမွာ ကာကြယ္ေဆးထိုးၿပီးသူေတြကို ျပန္လက္ခံေနပါၿပီ။

ၾသစေတးလ်က ဒုတိယအႀကီးဆုံးၿမိဳ႕ႀကီးတၿမိဳ႕ျဖစ္တဲ့ Melbourne ၿမိဳ႕ရွိတဲ့ Victoria ျပည္နယ္မွာေတာ့ ၁၆ ႏွစ္အထက္ေတြမွာ ကာကြယ္ေဆးအျပည့္အဝထိုးၿပီးသူ ၇၀ % ရွိလာတာေၾကာင့္ လာမယ့္ ေသာၾကာေန႔မွာ အျပင္မသြားရ ကန႔္သတ္ခ်က္ကို ဖယ္ရွားေပးေတာ့မွာျဖစ္ပါတယ္။ ၾသစေတးလ်ႏိုင္ငံမွာ ဒီလိုကန႔္သတ္ခ်က္ေတြ တင္းတင္းၾကပ္ၾကပ္ခ်ၿပီး ကိုဗစ္ေရာဂါပ်ံ႕ပြားမႈ ထိန္းခ်ဳပ္ေရး လုပ္ေဆာင္တာမွာ ေအာင္ျမင္မႈ ရွိတာျဖစ္ပါတယ္။

နယူးဇီလန္ႏိုင္ငံမွာေတာ့ အေျခအေနက ဒီလိုမဟုတ္ပဲ ကာကြယ္ေဆးထိုးႏႈန္းျမင့္ေပမဲ့ ေနာက္ထပ္ ၂ ပတ္ မလိုအပ္ပဲ အျပင္မထြက္ရ ကန႔္သတ္မယ္လို႔ ဝန္ႀကီးခ်ဳပ္က ဒီကေန႔ပဲ ေၾကညာသြားပါတယ္။ delta ဗီဇ‌ေျပာင္းပိုးေၾကာင့္ ေဆး႐ုံတင္ရသူ အေရအတြက္ မ်ားေနေသးလို႔ အခုလို လုပ္ေဆာင္ရတာျဖစ္တယ္လို႔လည္း ေျပာသြားပါတယ္။

နယူးဇီလန္မွာက မႏွစ္ကဆို ကိုဗစ္ကူးစက္မႈအသစ္ တခုမွ မရွိေတာ့တဲ့ထိ ျဖစ္သြားၿပီးမွ ၾသဂုတ္လမွာ delta ဗီဇေျပာင္းပိုးနဲ႔ ကူးစက္မႈေတြ ျပန္ျဖစ္လာတာ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္က အရင္က သူခ်မွတ္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ကင္းစင္ေရးမူကို စြန႔္လႊတ္လိုက္ၿပီး အခု ကို႐ိုနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ၿပီး ေနထိုင္သြားေရးမူနဲ႔ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။


-----------

ဩစတေးလျနဲ့နယူးဇီလန် ကိုဗစ်ကန့်သတ်ချက်ဖြေလျှော့

ကိုဗစ်ကူးစက်မှုတွေ တိုးမြင့်လို့ ကန့်သတ်ချက်တွေချထားတဲ့ သြစတေးလျနဲ့ နယူးဇီလန်တို့မှာ တချို့ ကန့်သတ်ချက်တွေ ဖြေလျှော့တာ၊ တချို့ ဆက်ထားရှိတာတွေ လုပ်ထားပါတယ်။

သြစတေးလျနိုင်ငံက လူဦးရေထူထပ်တဲ့ Sydney မြို့မှာတေ့ာ ကလေးကျောင်းတွေ ပြန်ဖွင့်ပါတယ်။ Sydney မြို့တည်ရှိတဲ့ New South Wales ပြည်နယ်မှာ ၁၆ နှစ်အထက် အရွယ်ရောက်ပြီးသူ ၈၀% ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်လို့ ကန့်သတ်ချက်တွေကို ပြန်ပြီး ဖြေလျှော့ပေးနေတာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ အဆောက်အဦးအတွင်း နှာခေါင်းစည်းမဖြစ်မနေတပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိတော့ဘဲ စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေနဲ့ အားကစားရုံတွေမှာ ကာကွယ်ဆေးထိုးပြီးသူတွေကို ပြန်လက်ခံနေပါပြီ။

သြစတေးလျက ဒုတိယအကြီးဆုံးမြို့ကြီးတမြို့ဖြစ်တဲ့ Melbourne မြို့ရှိတဲ့ Victoria ပြည်နယ်မှာတော့ ၁၆ နှစ်အထက်တွေမှာ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူ ၇၀ % ရှိလာတာကြောင့် လာမယ့် သောကြာနေ့မှာ အပြင်မသွားရ ကန့်သတ်ချက်ကို ဖယ်ရှားပေးတော့မှာဖြစ်ပါတယ်။ သြစတေးလျနိုင်ငံမှာ ဒီလိုကန့်သတ်ချက်တွေ တင်းတင်းကြပ်ကြပ်ချပြီး ကိုဗစ်ရောဂါပျံ့ပွားမှု ထိန်းချုပ်ရေး လုပ်ဆောင်တာမှာ အောင်မြင်မှု ရှိတာဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံမှာတော့ အခြေအနေက ဒီလိုမဟုတ်ပဲ ကာကွယ်ဆေးထိုးနှုန်းမြင့်ပေမဲ့ နောက်ထပ် ၂ ပတ် မလိုအပ်ပဲ အပြင်မထွက်ရ ကန့်သတ်မယ်လို့ ဝန်ကြီးချုပ်က ဒီကနေ့ပဲ ကြေညာသွားပါတယ်။ delta ဗီဇ‌ပြောင်းပိုးကြောင့် ဆေးရုံတင်ရသူ အရေအတွက် များနေသေးလို့ အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

နယူးဇီလန်မှာက မနှစ်ကဆို ကိုဗစ်ကူးစက်မှုအသစ် တခုမှ မရှိတော့တဲ့ထိ ဖြစ်သွားပြီးမှ သြဂုတ်လမှာ delta ဗီဇပြောင်းပိုးနဲ့ ကူးစက်မှုတွေ ပြန်ဖြစ်လာတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က အရင်က သူချမှတ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ရေးမူကို စွန့်လွှတ်လိုက်ပြီး အခု ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ပြီး နေထိုင်သွားရေးမူနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

#Covid19 #AustraliaCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG