သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားနိုင်ငံကို နိုင်ငံခြားခရီးသွားအဖြစ် သွားရောက်ခဲ့တဲ့ သြစတြေးလျနိုင်ငံက ခရစ်ယာန်ဘာသာရေးအဖွဲ့ဝင် John Short ဟာ သူ့မှာ ဘာသာရေးဆိုင်ရာ ပစ္စည်းတွေ တွေ့ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတယ်လို့ သူ့ဇနီးဖြစ်သူ Karen Short က ပြောပါတယ်။

John ကို ပြုံယမ်းက သူတည်းခိုတဲ့ ဟိုတယ်မှာ မြောက်ကိုရီးယား ရဲတွေက တနင်္ဂနွေနေ့က လာရောက် ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်မှာနေတဲ့ ဇနီးဖြစ်သူက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ John ဟာ ကိုရီးယားဘာသာနဲ့ ရေးသားထားတဲ့ သမ္မာကျမ်းစာတွေ သူ့မှာပါသွားတဲ့အတွက် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သြစတြေးလျ အရာရှိတွေကတော့ မစ္စတာ Short ရဲ့အမှုကို သိရှိပါကြောင်းနဲ့ မြောက်ကိုရီးယားနဲ့ သြစတြေးလျနိုင်ငံကြား သံတမန်ဆက်သွယ်မှု မရှိတဲ့အတွက် အဲဒီမှာရှိတဲ့ ဆွီဒင်အရာအရှိတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားအစိုးရဘက်က တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ ဒါဟာ မကြာခင်လတွေအတွင်း မြောက်ကိုရီးယားမှာ နိုင်ငံခြား ဘာသာရေး အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
XS
SM
MD
LG