သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ လွှတ်တော်ကွန်ပျူတာတွေ ဆိုက်ဘာတိုက်ခိုက်ခံရ


Victoria ပါလီမန်အဆောက်အအုံ
Victoria ပါလီမန်အဆောက်အအုံ

Australia ပါလီမာန်ရဲ့ ကွန်ပြူတာ ကွန်ယက်ထဲကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုဟာ အစိုးရ ကိုယ်တိုင် ပါဝင်တဲ့ အဆင့်မြင့်တိုက်ခိုက်မှုဖြစ်တယ်လို့ ဝန်ကြီးချုပ် Scott Morrison ကဒီကနေ့ ပါလီမာန်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားအစိုးရတခုရဲ့ တိုက်ခိုက်မှုဖြစ်ပုံရတယ်လို့ စုံစမ်းစစ်ဆေးသူတွေရဲ့ ကနဦးတွေ့ရှိချက်ကို ဝန်ကြီးချုပ်က ထုတ်ပြန်ပြီး လွှတ်တော်အမတ်တွေကို အသိပေးတာဖြစ်ပေမယ့် ဘယ်နိုင်ငံလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်းမရှိပါဘူး။ အဓိကပါတီကြီး ၃ ခုဖြစ်တဲ့ Liberal၊ Labor နဲ့ Nationals ပါတီတွေနဲ့ဆိုင်တဲ့ Computer ကွန်ယက်တွေအပေါ် ဖေဖော်ဝါရီ လ ၈ ရက်နေ့က တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ခုချိန်ထိ စုံစမ်းစစ်ဆေးရသလောက် ရွေးကောက်ပွဲကို ထိခိုက်စေမယ့်အချက်အလက် တစုံတရာပေါက်ကြားခဲ့တဲ့ အထောက်အထားမတွေ့ရဘူးလို့ ဝန်ကြီးချုပ် Morrison ကပြောကြားခဲ့ပါတယ်။ ပါလီမာန် ကွန်ပြူတာ ကွန်ယက် တိုက်ခိုက်ခံရတာကို Australia နိုင်ငံရဲ့ ဆိုင်ဘာထောက်လှမ်းရေးဌာက ဒီလအစောပိုင်းမှာ သိရှိခဲ့ပြီးနောက် လွှတ်တော်အမတ်တွေကို သူတို့ရဲ့ Password တွေကို အမြန်ဆုံးပြောင်းဖို့ ပြောကြားခဲ့တာပါ။

Australia မှာ ပါလီမာန်ရွေးကောက်ပွဲ မေလမှာ ကျင်းပဖို့ရှိနေချိန်မှာ ခုလိုဆိုင်ဘာတိုက်ခိုက်မှု ခံရတာဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ တိုက်ခိုက်မှုုဖြစ်တယ်လို့ သတင်းတချို့ကဖော်ပြခဲ့တဲ့အပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။ အခြေအမြစ်မရှိ စွပ်စွဲသတင်းထုတ်ပြန်ပြီး တရုတ်အစိုးရထိခိုက်အောင်လုပ်နေတာတွေ ရပ်တန်းကရပ်ပါလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG