သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္သစ္ Quad ထိပ္သီးစည္းေဝးပြဲ တက္မည္


FILE - Australian Opposition Leader Anthony Albanese during the second leaders' debate of the 2022 federal election campaign at the Nine studio in Sydney, May 8, 2022.

Australia ရဲ႕ မူဝါဒ အေျပာင္းအလဲေတြကို ေျပာဖို႔ ဂ်ပန္ႏိုင္ငံမွာ က်င္းပမယ့္ Quad (ေခၚ) ေလးႏိုင္ငံ ထိပ္သီးအစည္းအေဝးကို တက္ေရာက္မယ့္ အစီအစဥ္ ရွိတယ္လို႔ အသစ္တက္လာမယ့္ ဝန္ႀကီးခ်ဳပ္ Anthony Albanese က တနဂၤေႏြေန႔က ေျပာပါတယ္။

ေလးႏိုင္ငံအဖြဲ႕မွာ အေမရိကန္၊ အိႏၵိယ၊ ဂ်ပန္ နဲ႔ ၾသစေၾထးလ်ားႏိုင္ငံတို႔ ပါဝင္ၾကပါတယ္။ “ေလးႏိုင္ငံ ေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးက Australia ရဲ႕ လုံးဝဦးစားေပး ျဖစ္ပါတယ္။ အစိုးရအေျပာင္းအလဲ သတင္းစကားကို ကမာၻကို ဒီ အစည္းအေဝးကတဆင့္ ပါးႏိုင္ပါတယ္။ မူဝါဒ အေျပာင္းအလဲတခ်ိဳ႕ ရွိပါမယ္။ အထူးသျဖင့္ ရာသီဥတုအေျပာင္းအလဲနဲ႔ ပတ္သက္ၿပီး ကမာၻနဲ႔ ဘယ္လို အလုပ္လုပ္မယ္ဆိုတဲ့ ကြၽန္ေတာ္တို႔ရဲ႕ မူဝါဒ ျဖစ္ပါတယ္။” လို႔ ဆစ္ဒနီ ၿမိဳ႕က ေကာ္ဖီဆိုင္တစ္ဆိုင္မွာ လႊတ္ေတာ္အမတ္ေတြ သူ႔ကို ေထာက္ခံသူေတြနဲ႔ ေတြ႕ဆုံခိုက္ သတင္းေထာက္ေတြကို ဝန္ႀကီးခ်ဳပ္ အသစ္ က ေျပာပါတယ္။

မနက္ဖန္ တနလၤာေန႔မွာ သူအပါအဝင္ ေလဘာပါတီရဲ႕ အစိုးရ အဖြဲ႕ဝင္ (၅) ေယာက္က က်မ္းသစၥာက်ိန္ဆိုၾကမွာျဖစ္ေၾကာင္း မစၥတာ Anthony Albanese က ေျပာပါတယ္။

===Unicode ===

Australia ရဲ့ မူဝါဒ အပြောင်းအလဲတွေကို ပြောဖို့ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Quad (ခေါ်) လေးနိုင်ငံ ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ့် အစီအစဉ် ရှိတယ်လို့ အသစ်တက်လာမယ့် ဝန်ကြီးချုပ် Anthony Albanese က တနင်္ဂနွေနေ့က ပြောပါတယ်။

လေးနိုင်ငံအဖွဲ့မှာ အမေရိကန်၊ အိန္ဒိယ၊ ဂျပန် နဲ့ သြစထြေးလျားနိုင်ငံတို့ ပါဝင်ကြပါတယ်။ “လေးနိုင်ငံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးက Australia ရဲ့ လုံးဝဦးစားပေး ဖြစ်ပါတယ်။ အစိုးရအပြောင်းအလဲ သတင်းစကားကို ကမ္ဘာကို ဒီ အစည်းအဝေးကတဆင့် ပါးနိုင်ပါတယ်။ မူဝါဒ အပြောင်းအလဲတချို့ ရှိပါမယ်။ အထူးသဖြင့် ရာသီဥတုအပြောင်းအလဲနဲ့ ပတ်သက်ပြီး ကမ္ဘာနဲ့ ဘယ်လို အလုပ်လုပ်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒ ဖြစ်ပါတယ်။” လို့ ဆစ်ဒနီ မြို့က ကော်ဖီဆိုင်တစ်ဆိုင်မှာ လွှတ်တော်အမတ်တွေ သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံခိုက် သတင်းထောက်တွေကို ဝန်ကြီးချုပ် အသစ် က ပြောပါတယ်။

မနက်ဖန် တနင်္လာနေ့မှာ သူအပါအဝင် လေဘာပါတီရဲ့ အစိုးရ အဖွဲ့ဝင် (၅) ယောက်က ကျမ်းသစ္စာကျိန်ဆိုကြမှာဖြစ်ကြောင်း မစ္စတာ Anthony Albanese က ပြောပါတယ်။

XS
SM
MD
LG