သုံးရလွယ်ကူစေသည့် Link များ

သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေ အန္တရာယ်အဆင့်ကို ဒုတိယအမြင့်ဆုံးဖြစ်တဲ့ High အဆင့်ထိ အစိုးရက သတ်မှတ်လိုက်ပါတယ်။ အစ္စလာမ်အစွန်းရောက် IS အဖွဲ့ကို ပြည်တွင်းမှာထောက်ခံသူတွေရဲ့ အန္တရာယ်ကို စိုးရိမ်တဲ့အတွက် အခုလို အဆင့်တိုးမြှင့်လိုက်တာပါ။
အခုသတ်မှတ်ချက်ဟာ တိုက်ခိုက်မယ့်အစီအစဉ်တခု ရှိနေတာကို သိထားလို့မဟုတ်ဘဲ တိုက်ခိုက်ဖို့ရည်ရွယ်ချက်နဲ့၊ တိုက်ခိုက် နိုင်စွမ်းတဲ့လူတွေ ရှိနေတယ်ဆိုတာကို သိထားတဲ့ ထောက်လှမ်းရေးအချက်အလက်တွေကြောင့်ဖြစ်တယ်လို့ ၀န်ကြီးချုပ် Tony Abbott က ဒီကနေ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
ဆီးရီးယားနဲ့ အီရတ်မှာ IS အဖွဲ့နဲ့ အတူတိုက်ခိုက်ဖို့ သြစတြေးလျနိုင်ငံသားတွေ သွားပေါင်းကြတဲ့အခြေအနေ တစိတ်တပိုင်း ကြောင့် လွန်ခဲ့တဲ့တနှစ်အတွင်း အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်အဆင့် တိုးမြှင့်ခဲ့တာဖြစ်တယ်လို့ မစ္စတာအက်ဘော့တ်က ပြောပါတယ်။
စစ်သွေးကြွတွေနဲ့ အတူတိုက်ပွဲဝင်နေသူ သြစတြေးလျနိုင်ငံသား အယောက် ၆၀ လောက်ရှိပြီး နောက် အယောက် ၁၀၀ လောက် ဟာလည်း အစွန်းရောက်အဖွဲ့တွေကို နိုင်ငံတွင်းကနေ ကူညီထောက်ပံ့နေတယ်လို့ သြစတြေးလျအစိုးရက ခန့်မှန်းထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ သွားတိုက်ပြီးတဲ့နောက် နိုင်ငံပြန်လာသူ အယောက် ၂၀ ထက်မနည်း ရှိတယ်ဆိုတာ လုံခြုံရေး တာဝန်ရှိသူတွေက သတိပြုမိထားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

XS
SM
MD
LG