သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သြစတြေးလျမှာ အာဏာရ ကွန်ဆာဗေးတစ်ညွန့်ပေါင်း ဆက်လက်အနိုင်ရ


သြစတြေးလျနိုင်ငံ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ ( မေ ၁၈-၂၀၁၉)

သြစတြေးလျနိုင်ငံမှာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က တတိယမြောက်သက်တမ်းအဖြစ် စနေနေ့ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တာကြောင့် လူတွေကို အံ့အားသင့်သွားစေပြီး ၊ အများက ထင်ကြေးပေးနေတဲ့ ဗဟိုလက်ဝဲယိမ်းဝါဒီ ပါတီက တော့ အာဏာနဲ့ အလှမ်းဝေး သွားရပါတယ်။

သူ့အနေနဲ့ မမျှော်လင့်ပဲ ဖြစ်တတ်တဲ့ အရာတွေရှိတာကို ယုံကြည်ကြောင်း အသက် ၅၁ နှစ်အရွယ် ကွန်ဆာဗေးတစ် ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် Scott Morrison က ဆစ်ဒနီမြို့မှာ လူထုကို ပြောပါတယ်။ မဲရေတွက်မှုတွေ မပြီးသေးပဲ တနင်္ဂနွေနေ့အထိ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီက လိုအပ်တဲ့ အမတ်နေရာ ၁၅၁ နေရာနားအထိ အနိုင်ရနေတာကြောင့် အတိုက်အခံခေါင်းဆောင် Bill Shorten က လေဘာပါတီကို အားကိုးကြတဲ့ ပြည်သူတွေအတွက် မဲရလဒ်တွေကို စိတ်ပျက်မိကြောင်းနဲ့ အမှန်တရားအတွက် ခုခံပြောဆိုနိုင်ခဲ့တာအတွက် ဝမ်းမြောက်မိကြောင်း ပြောသွားပါတယ်။ သူအနေနဲ့ ခေါင်းဆောင်မှုသက်တမ်း ၆ နှစ်ပြည့်ပြီးရင် လေဘာပါတီခေါင်းဆောင်နေရာ ကနေ နှုတ်ထွက်မယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG