သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပဋိပက္ခ နည်းလမ်းပြောင်းဖြေရှင်းဖို့ စစ်ကောင်စီကို ဩစတြေးလျ တိုက်တွန်း

လာအိုနိုင်ငံမြို့တော် Vientiane မှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးပွဲ တက်ရောက်နေတဲ့ ဩစတြေးလျနိုင်ငံခြားရေးကြီး Penny Wong (Photo by Sai Aung MAIN / AFP)
လာအိုနိုင်ငံမြို့တော် Vientiane မှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးပွဲ တက်ရောက်နေတဲ့ ဩစတြေးလျနိုင်ငံခြားရေးကြီး Penny Wong (Photo by Sai Aung MAIN / AFP)

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ဆိုးရွားလာနေပြီး စစ်ကောင်စီအနေနဲ့ နည်းလမ်းပြောင်း ကိုင်တွယ်ဖြေရှင်းဖို့ လာအိုနိုင်ငံမြို့တော် Vientiane မှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးပွဲ တက်ရောက်နေတဲ့ ဩစတြေးလျနိုင်ငံခြားရေးကြီး Penny Wong က ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံတွင်းက အခြေအနေတွေ တည်ငြိမ်လာရေး နည်းလမ်းရှာဖွေနိုင်ဖို့အတွက် ဩစတြေးလျနိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမယ်ဆိုတာ စစ်ကောင်စီကို ကျမတို့ ပြောကြားလိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခဟာ စစ်ကောင်စီအတွက်ရော၊ မြန်မာပြည်သူတွေအတွက်ပါ ဆက်ပြီးထိန်းထားလို့ မရနိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီဆိုတာကို ဩစတြေးလျနိုင်ငံက စစ်ကောင်စီကို သတင်းစကား ပါးလိုပါတယ်” လို့ ဝန်ကြီး Penny Wong က အာဆီယံစည်းဝေးပွဲ ပြင်ပမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေ ဩစတြေးလျနိုင်ငံက ထောက်ခံကြောင်း ပြောကြားတဲ့ တချိန်ထဲမှာဘဲ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး၊ မတည်ငြိမ်မှု၊ လုံခြုံရေးကင်းမဲ့မှု၊ လူတွေ သေဆုံးရတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ် ပူပန်ကြောင်းလည်း ဝန်ကြီး Penny Wong က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် နိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃ သန်းဝန်းကျင် ရှိလာနေပြီလို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

အာဆီယံအလှည်ကျ ဥက္ကဌ လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို စစ်ကောင်စီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တက်ရောက်ခွင့်မရပေမယ့်လည်း နိုင်ငံခြားရေးဌာက အမြဲတမ်းအတွင်းဝန်တော့ ဒီစည်းဝေးပွဲမှာ တက်ရောက်နေပါတယ်။

This item is part of

Forum

XS
SM
MD
LG