သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ရွေးကောက်ပွဲ အာဏာရပါတီပြန်အနိုင်ရ


ကွန်ဆာဗေးတစ် ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် Scott Morrison
ကွန်ဆာဗေးတစ် ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် Scott Morrison

သြစတြေးလျ နိုင်ငံမှာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က တတိယမြောက်သက်တမ်းအဖြစ် စနေနေ့ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တာကြောင့် နိုင်ငံရေးသမားတွေ အံ့အားသင့်ခဲ့ကြပါတယ်။

အများက ထင်ကြေးပေးနေတဲ့ အတိုက်အခံခေါင်းဆောင် Bill Shorten ဦးဆောင်တဲ့ လေဘာပါတီက ရှုံနိမ့်ခဲ့တာပါ။

ကွန်ဆာဗေးတစ် ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် Scott Morrison က ပြည်သူအကြိုက် စီးပွါးရေးစီမံကိန်းတွေကို ချပြနိုင်ခဲ့ပြီး အတိုက်အခံတွေကို အောင်မြင်ခဲ့တယ်လို့ သြစတြေးလျ ဘဏ္ဍာရေးဝန်ကြီး Josh Frydenberg က ABC ရုပ်သံ အစီအစဉ် Insiders မှာ ပြောသွားပါတယ်။

အနိုင်ရတဲ့ လက်ရှိဝန်ကြီးချုပ် Scott Morrison က တနင်္လာနေ့မှာ အစိုးရအဖွဲ့ ကို စတင်ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။ အတိုက်အခံခေါင်းဆောင် Bill Shorten ခေါင်းဆောင်မှုသက်တမ်း ၆ နှစ်ပြည့်ပြီးရင် လေဘာပါတီခေါင်းဆောင်နေရာကနေ နှုတ်ထွက်မှာ ဖြစ်တဲ့အတွက် လေဘာပါတီ လွှတ်တော် အမတ်၊ ဒုတိယ ဝန်ကြီးချုပ်ဟောင်း Anthony Albanese က ပါတီကို ဆက်လက် ဦးဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG