သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျတောမီး သေဆုံးသူ ၂၃ ဦးရှိပြီ


တောမီးငြှိမ်းသတ်ရန် ကြိုစားနေသည့် သြစတြေးလျ မီးသတ်တပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၃၊ ၂၀၂၀)
တောမီးငြှိမ်းသတ်ရန် ကြိုစားနေသည့် သြစတြေးလျ မီးသတ်တပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

သြစတြေးလျနိုင်ငံမှာ လောင်နေတဲ့ တောမီးတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၃ ယောက် ရှိသွားပြီဖြစ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က ပြောကြားလိုက်ပါတယ်။

တောမီးက အခုသီတင်းပတ်ကုန် ပိုပြီးတော့ အရှိန်ပြင်းလာတာကြောင့် အဲဒီတောမီးတွေကို ငြှိမ်းသတ်ဖို့အတွက် နောက်ထပ် အရန်တပ်ဖွဲ့ဝင် ၃ ထောင်လောက်ကို ခေါ်ယူလိုက်တယ်လို့ သူကပြောပါတယ်။

လာမယ့် ၂၄ နာရီကာလဟာ သြစတြေးလျနိုင်ငံအတွက် အလွန်ကိုခက်ခဲတဲ့ ကာလကို ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Morrison က ရုပ်သံကနေ တဆင့် ပြောပါတယ်။

သြစတြေးလျနိုင်ငံက အနည်းဆုံး ပြည်နယ် ၃ ခုမှာ မနေ့ စနေနေ့ လေတိုက်နှုန်း ပြင်းထန်တာရယ်၊ အပူချိန်မြင့်တာတွေကြောင့် တောမီးလောင်ကျွမ်းတဲ့နေရာဟာ ပိုများလာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ရက်အတွင်း အဲဒီတောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားရင်းနဲ့ သားအဖနှစ်ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ သားအဖနှစ်ယောက်ဟာ အသက် ၇၈ နှစ်အရွယ် Dick Lang ဆိုသူနဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၄၃ နှစ်အရွယ် Claton တို့ ဖြစ်ကြပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကို Kangaroo ကျွန်းက လမ်းမပေါ်မှာ စနေနေ့က တွေ့ရှိခဲ့တာဖြစ်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတောမီးဟာ သြစတြေးလျနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး လောင်ကျွမ်းတဲ့ တောမီးဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သြစတြေးလျနိုင်ငံတဝှမ်း အပူချိန်ဟာ စံချိန်တင်လောက်အောင် မြင့်တက်ခဲ့ပြီး မြို့တော် ကင်ဘာရာမှာဆိုရင် အပူချိန်ဟာ ၁၀၉ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိခဲ့ပြီး ဆစ်ဒနီမြို့ အနောက်ဘက်က Penrith မြို့မှာဆိုရင် ၁၂၀ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိခဲ့ပါတယ်။

ဒီတောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို အကူအညီပေးဖို့အတွက် ကမ္ဘာတဝှမ်းကနေ အလှူငွေတွေ ထည့်ဝင်နေကြတာမှာ အခု ဒီကနေ့မှာဆိုရင် သြစတြေးလျဒေါ်လာ ၂၅ သန်း ရရှိထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

---------------------------------

(Unicode)

သွစတွေးလတြောမီး သဆေုံးသူ ၂၃ ဦးရှိပွီ










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG