သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ်ေရာက္ ျမန္မာပညာေတာ္သင္ေတြ ေနထိုင္ခြင့္တိုးေပးေရး ANU ေတာင္းဆို


Burmese in Sydney Australia (ယခင္မွတ္တမ္းဓာတ္ပံု)


[[Zawgyi/Unicode]]


ၾသစေၾတးလ်ေရာက္ ျမန္မာပညာေတာ္သင္ေတြ ေနထိုင္ခြင့္တိုးေပးေရး ANU ေတာင္းဆို

ၾသစေၾတးလ်မွာ ပညာေတာ္သင္အျဖစ္ ေရာက္ေနၾကတဲ့ ျမန္မာေက်ာင္းသူ ေက်ာင္းသားေတြကို ေနထိုင္ခြင့္တိုးေပးဖို႔ တကၠသိုလ္ဘက္က ေတာင္းဆိုလိုက္ပါတယ္။

စစ္အာဏာသိမ္းအၿပီး ျမန္မာႏိုင္ငံကို ေက်ာင္းသူေက်ာင္သားေတြ အရင္ သတ္မွတ္ခ်က္ေတြအတိုင္း ျပန္သြားရမယ္ဆိုရင္ သူတို႔လုံၿခဳံေရး စိတ္မခ်ရတာအျပင္ ျမန္မာတိုးတက္ေရးအတြက္ ဘာမွလုပ္ေပးႏိုင္မွာမဟုတ္ဘူးလို႔ ANU ၾသစေၾတးလ် အမ်ိဳးသားတကၠသိုလ္က ဆိုပါတယ္။

ANU ရဲ႕ ျမန္မာသုေတသနဌာန (MRC) ၫြန္ၾကားေရးမႉး Nick Cheesman က ျမန္မာ ပညာေတာ္သင္ ေက်ာင္းသူေက်ာင္းသားေတြဟာ ထူးခြၽန္သူေတြျဖစ္ၿပီး ၾသစေၾတးလ်အတြက္ေရာ ျမန္မာအနာဂတ္အတြက္ပါ အမ်ားႀကီး အေထာက္အကူျပဳႏိုင္သူေတြလို႔ ဆိုပါတယ္။

ၾသစေၾတးလ်အစိုးရရဲ႕ ပညာေတာ္သင္ေထာက္ပံေၾကးရထားတဲ့ ဒီ ျမန္မာ ေက်ာင္းသူ ေက်ာင္းသား ၃၀ ခန႔္ရွိေနၿပီး ဘြဲ႕ရၿပီးခ်ိန္မွာ ျမန္မာႏိုင္ငံမွာ ျပန္လုပ္ေပးဖို႔ ကတိဝန္ခံခ်က္ ထိုးတားၾကရပါတယ္။ တကယ္လို႔ ဝန္ခံခ်က္ကိုခ်ိဳးေဖာက္ၿပီး ျပည္ေတာ္မျပန္ရင္ေတာ့ ပညာသင္စရိတ္ ျပန္ဆပ္ရမွာပါ။

ဒါေပမယ့္ စစ္အာဏာသိမ္းလိုက္တာေၾကာင့္ ျမန္မာျပည္မွာ သူတို႔ အရင္လုပ္ခဲ့တဲ့ ဖြံၿဖိဳးေရးလုပ္ငန္းေတြ ရပ္ဆိုင္းလိုက္ရတာအျပင္ တျခား လုပ္ေပးႏိုင္တာေတြလည္း ပိတ္ေနၿပီလို႔ ဒီ ေက်ာင္းသူေက်ာင္းသားေတြက ေထာက္ျပေနတယ္ေၾကာင္း ၾသစေၾတးလ် ABC သတင္းက ေဖာ္ျပလိုက္ပါတယ္။

တကယ္ေတာ့ ဒီေက်ာင္းသူ ေက်ာင္းသားေတြရဲ႕ အိမ္မက္က ဘြဲ႔ရအၿပီး ျမန္မာႏိုင္ငံထဲ ျပန္ အလုပ္အေကၽြးျပဳဖို႔ျဖစ္ေပမယ့္ အခုေတာ့ အဲဒီ အစီအစဥ္ဟာ လြင့္ျပယ္သြားရၿပီလို႔႔ိလည္း ၾသစေၾတးလ်မွာ လက္ရွိေသာင္တင္ေနတဲ့ ျမန္မာေက်ာင္းသူေက်ာင္းသားေတြကို ေမးၿပီး ABC သတင္းမွာ ကိုးကားထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

==============

သြစတြေးလျမှာ ပညာတော်သင်အဖြစ် ရောက်နေကြတဲ့ မြန်မာကျောင်းသူ ကျောင်းသားတွေကို နေထိုင်ခွင့်တိုးပေးဖို့ တက္ကသိုလ်ဘက်က တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံကို ကျောင်းသူကျောင်သားတွေ အရင် သတ်မှတ်ချက်တွေအတိုင်း ပြန်သွားရမယ်ဆိုရင် သူတို့လုံခြုံရေး စိတ်မချရတာအပြင် မြန်မာတိုးတက်ရေးအတွက် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်က ဆိုပါတယ်။

ANU ရဲ့ မြန်မာသုတေသနဌာန (MRC) ညွန်ကြားရေးမှူး Nick Cheesman က မြန်မာ ပညာတော်သင် ကျောင်းသူကျောင်းသားတွေဟာ ထူးချွန်သူတွေဖြစ်ပြီး သြစတြေးလျအတွက်ရော မြန်မာအနာဂတ်အတွက်ပါ အများကြီး အထောက်အကူပြုနိုင်သူတွေလို့ ဆိုပါတယ်။

သြစတြေးလျအစိုးရရဲ့ ပညာတော်သင်ထောက်ပံကြေးရထားတဲ့ ဒီ မြန်မာ ကျောင်းသူ ကျောင်းသား ၃၀ ခန့်ရှိနေပြီး ဘွဲ့ရပြီးချိန်မှာ မြန်မာနိုင်ငံမှာ ပြန်လုပ်ပေးဖို့ ကတိဝန်ခံချက် ထိုးတားကြရပါတယ်။ တကယ်လို့ ဝန်ခံချက်ကိုချိုးဖောက်ပြီး ပြည်တော်မပြန်ရင်တော့ ပညာသင်စရိတ် ပြန်ဆပ်ရမှာပါ။

ဒါပေမယ့် စစ်အာဏာသိမ်းလိုက်တာကြောင့် မြန်မာပြည်မှာ သူတို့ အရင်လုပ်ခဲ့တဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာအပြင် တခြား လုပ်ပေးနိုင်တာတွေလည်း ပိတ်နေပြီလို့ ဒီ ကျောင်းသူကျောင်းသားတွေက ထောက်ပြနေတယ်ကြောင်း သြစတြေးလျ ABC သတင်းက ဖော်ပြလိုက်ပါတယ်။

တကယ်တော့ Andrews အနေနဲ့ ပြတ်ပြတ်သားသားထုတ်ဖော်ဝေဖန်ရလေ့ရှိတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရာထူး ခန့်အပ်ခံပြီးကတည်းက မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်မရခဲ့သေးဘဲ အပြင်ကသာ အချက်အလက်တွေ စုဆောင်းတင်ပြနေရတာပါ ခင်ဗျာ။

တကယ်တော့ ဒီကျောင်းသူ ကျောင်းသားတွေရဲ့ အိမ်မက်က ဘွဲ့ရအပြီး မြန်မာနိုင်ငံထဲ ပြန် အလုပ်အကျွေးပြုဖို့ဖြစ်ပေမယ့် အခုတော့ အဲဒီ အစီအစဉ်ဟာ လွင့်ပြယ်သွားရပြီလို့ိလည်း သြစတြေးလျမှာ လက်ရှိသောင်တင်နေတဲ့ မြန်မာကျောင်းသူကျောင်းသားတွေကို မေးပြီး ABC သတင်းမှာ ကိုးကားထားပါတယ် ခင်ဗျာ။

XS
SM
MD
LG