သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျအိုးပင်း အမျိုးသားတင်းနစ် Rafael Nadal ဗိုလ်စွဲ


သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Rafael Nadal. (ဇန်နဝါရီ ၃၀၊ ၂၀၂၂)
သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Rafael Nadal. (ဇန်နဝါရီ ၃၀၊ ၂၀၂၂)

(Zawgyi / Unicode)

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံသား Rafael Nadal အနိုင်ရပြီး ဂရန်းစလမ်း ချန်ပီယံဆုကို ၂၁ ကြိမ်မြောက်နဲ့ အများဆုံး စံချိန်တင်လိုက်ပါတယ်။

အမျိုးသားတဦးချင်းဖိုင်နယ်ကို တနင်္ဂနွေနေ့က မဲလ်ဘုန်းမြို့က Rod Laver ကွင်းကြီးမှာ ကစားကြတာမှာ ကမ္ဘာ့အဆင့် ၆ Nadal က ရုရှားက Daniil Medvedev ကို ၅ ပွဲ အကြိတ်အနယ်ကစားပြီး နောက်ဆုံးမှာ Nadal က ၂-၆၊ ၆-၇၊ ၆-၄၊ ၆-၄၊ ၇-၅ နဲ့ ဗိုလ်စွဲသွားတာပါ။

Rod Laver ကွင်းကြီးမှာ Nadal နဲ့ Medvedev တို့ အကြိတ်အနယ် ကစားခဲ့ကြပြီး စုစုပေါင်း ပွဲချိန် ၅ နာရီ ၂၄ မိနစ်ကြာပြီး ဒါဟာ ဂရန်းစလမ်းဖိုင်နယ် သမိုင်းမှာလည်း ဒုတိယ အချိန်အကြာဆုံးပွဲ ဖြစ်ပါတယ်။ ပထမ ၂ ပွဲကို Medvedev က နိုင်ပြီး တတိယပွဲမှာလည်း ရှေ့ကနေ ဦးဆောင်နေပြီးမှ Nadal က ပြန်အနိုင်ရပြီးတော့ နောက်ဆုံးမှာ ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။

Nadal ကတော့ ဒီပွဲနိုင်တာဟာ သူ့ကစားသမားဘဝ သက်တမ်းတလျှောက်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲတွေထဲက တခုဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။ Nadal အနိုင်ရပြီး အခုလို ဂရန်းစလမ်း ချန်ပီယံဆုကို အများဆုံး စံချိန်တင်လိုက်တဲ့ အပေါ်မှာလည်း ရော်ဂျာဖယ်ဒရာနဲ့ ဂျိုကိုဗစ်ချ်တို့ကလည်း သူတို့ရဲ့ လူမှုကွန်ရက်တွေကနေ ဂုဏ်ပြုချီးကျူး ပြောဆိုခဲ့ကြပါတယ်။

ဒါဟာ Nadal အတွက်တော့ သြစတြေးလျအိုးပင်းကို ဒုတိယအကြိမ်မြောက် ရတာဖြစ်ပြီး အခုလို ဗိုလ်စွဲလိုက်တဲ့အတွက် Nadal ဟာ ဂရန်းစလမ်းကို ၂၁ ကြိမ်မြောက် ရရှိပြီး ရော်ဂျာဖယ်ဒရာနဲ့ ကမ္ဘာ့အဆင့် ၁ နိုဘက်ဂျိုကိုဗစ်ချ်တို့ကို ကျော်ပြီး ဂရန်းစလမ်း အများဆုံးရတဲ့သူအဖြစ် စံချိန်တင်သွားပါတယ်။

Nadal ဟာ ကစားသမားသက်တမ်းတလျှောက် ပြင်သစ်အိုးပင်းကို ၁၃ ကြိမ်၊ အမေရိကန်အိုးပင်းကို ၄ ကြိမ်၊ သြစတြေးလျအိုးပင်းနဲ့ ဝင်ဘယ်လ်ဒန်တို့ကို ၂ ကြိမ်စီ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG