သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးလေယာဉ် အပိုင်းအစလို့ယူဆရတဲ့ အရာဝတ္ထု တရုတ်ဂြိုဟ်တု ဓါတ်ပုံမှာတွေ့


သြစတြေးလျလေတပ်က ပျောက်ဆုံးနေတဲ့လေယာဉ် MH370 ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ရှာဖွေနေစဉ်။ (မတ်လ ၂၂၊ ၂၀၁၄)
သြစတြေးလျလေတပ်က ပျောက်ဆုံးနေတဲ့လေယာဉ် MH370 ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ရှာဖွေနေစဉ်။ (မတ်လ ၂၂၊ ၂၀၁၄)
တရုတ် ဂြိုဟ်တုကရရှိတဲ့ ဓါတ်ပုံအရ India သမုဒ္ဒရာတောင်ဘက်အခြမ်းမှာ အရာဝတ္ထုကြီး တခုမျောနေတာ တရုတ်အစိုးရက တွေ့ရှိထားတယ်လို့
မလေးရှားတာဝန်ရှိသူတွေက ပြောပါတယ်။ လေယဉ်ရှာဖွေရေးနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်မှာ မလေးရှားပို့ဆောင်ရေး ယာယီဝန်ကြီး
Hishammuddin Hussein က ခုလိုအသိပေးခဲ့တာဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့လေယာဉ်ပေါ်ပါသွားသူ တရုတ်မိသားစုဝင်တွေက သတင်းစာရှင်းလင်းပွဲကနေ မလေးရှားအစိုးရကိုယ်စားလှယ်တွေထွက်ခွာသွားပြီးတဲ့နောက် သတင်းထောက်တွေကို သူတို့မေးခွန်းတွေဖြေပေးဖို့ အော်ဟစ်တောင်းဆိုနေကြစဉ်။
ပျောက်ဆုံးနေတဲ့လေယာဉ်ပေါ်ပါသွားသူ တရုတ်မိသားစုဝင်တွေက သတင်းစာရှင်းလင်းပွဲကနေ မလေးရှားအစိုးရကိုယ်စားလှယ်တွေထွက်ခွာသွားပြီးတဲ့နောက် သတင်းထောက်တွေကို သူတို့မေးခွန်းတွေဖြေပေးဖို့ အော်ဟစ်တောင်းဆိုနေကြစဉ်။

တောင်ပိုင်းလမ်းကြောင်းဘက်မှာ အရာဝတ္ထုတခု ရေပေါ်မှာပေါ်နေတဲ့ ဂြိုဟ်တုဓါတ်ပုံကို တရုတ်သံအမတ်ကြီးရရှိထားတယ်ဆိုတဲ့ သတင်းအခုပဲ
ရရှိပါတယ်။ အဲဒီအရာဟာ ဘာလဲသိရအောင် တရုတ်သင်္ဘောတွေ စေလွှတ်မှာဖြစ်ပြီး တရုတ်အစိုးရက မကြာခင် နာရီပိုင်းမှာ ဒီကိစ္စကို ကြေညာဖို့ရှိပါတယ်။

တွေ့ရှိထားတဲ့အရာက အလျား ၂၂.၅ မီတာ အနံ ၁၃ မီတာအရှည်ရှိတယ်လို့ မလေးရှားပို့ဆောင်ရေး ယာယီဝန်ကြီးက ဒီကနေ့ သတင်းစာရှင်းပွဲမှာ
ပြောသွားတာဖြစ်ပါတယ်။ သူ့ဘက်က လောလောဆယ် နောက်ထပ်မပြောနိုင်သေးသလို ဒီအရာဝတ္ထုတွေဟာ ပျောက်နေတဲ့ မလေးရှား လေကြောင်းလိုင်းလေယဉ်က ဖြစ်သလားဆိုတာလဲ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာပဲ လမ်းကြောင်း ၂ ဘက်လုံးမှာ လေယဉ်ရှိနိုင်မယ့်နေရာကို တိတိကျကျသိနိုင်ဖို့ တတ်နိုင်သမျှ နည်းလမ်းတွေအားလုံးကိုသုံးပြီး ရှာဖွေကယ်ဆယ်ရေးကို တိုးမြှင့်လုပ်နေကြပေမယ့် ဘာမှ ထူးမလာသေးဘူးလို့ ဝန်ကြီး ဟူစိန်ပြောသွားပါတယ်။

Australia နိုင်ငံ Perth မြို့ရဲ့ အနောက်တောင်ဘက် မိုင်ပေါင်း ၁၅၀၀ ကျော်မှာလည်း အရာဝတ္ထုကြီး ၂ ခုကို Australia ဂြိုဟ်တုပေါ်ကနေ ဒီသတင်းပတ် အစောပိုင်းက တွေ့ခဲ့ပါတယ်။
ပျောက်နေတာ သီတင်း ၂ ပတ်ရှိသွားပြီဖြစ်တဲ့ မလေးရှားလေယဉ်က အစိတ်အပိုင်းတွေ ဖြစ်မလားဆိုပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ဝေးလံတဲ့ နေရာတွေဆီ Australia ကလည်း တတိယနေ့ဆက်တိုက်အဖြစ် ဒီကနေ့ အစောပိုင်းကတည်းက လေယဉ်ပျံတွေနဲ့ လိုက်ရှာခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ကြပါဘူး။

ရှာဖွေနေတာ အချည်းအနှီးပဲလို့ တာဝန်ရှိသူတွေဘက်က မဆုံးဖြတ်မချင်း ပျောက်နေတဲ့ လေယဉ်ကို ဆက်ပြီး ရှာဖွေမှာဖြစ်တယ်လို့ Australia ဒုတိယဝန်ကြီးချုပ် Warren Truss က သတင်းထောက်တွေကို ပြောပါတယ်။
XS
SM
MD
LG