သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဩစတြီးယားမှာ ကပ်ဘေးကန့်သတ်ချက်ပြန်စတင် 


Austria နိုင်ငံမှာ ကိုဗစ် တကျော့ပြန်ကူးစက်မှုကြောင့် အသွားအလာကန့်သတ်လိုက်တာကို မကျေနပ်သူများ။ (နိုဝင်ဘာ ၂၂၊ ၂၀၂၁)
Austria နိုင်ငံမှာ ကိုဗစ် တကျော့ပြန်ကူးစက်မှုကြောင့် အသွားအလာကန့်သတ်လိုက်တာကို မကျေနပ်သူများ။ (နိုဝင်ဘာ ၂၂၊ ၂၀၂၁)

{{Zawgyi/Unicode}}

ဥရောပမှာ ကိုဗစ်ရောဂါတဖန်ပြန်ပြီး မြင့်တက်လာချိန်မှာပဲ သြစတြီးယားနိုင်ငံမှာလည်း အသွားအလာကန့်သပ်မှုတွေ ပြန်လည်စတင်လိုက်ပါတယ်။

ခရစ္စမတ်အားလက်ရက်တွေ မစတင်မီမှာဘဲ သြစတြီးယားမှာ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဈေးရောင်းပွဲတွေအာလုံး ပိတ်လိုက်ပြီး အသွားအလာတွေ ကန့်သတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်က လူသောင်းနဲ့ချီပြီး လမ်းပေါ်ထွက်လာစေဖို့ အစဖော်ပေးသလိုဖြစ်ခဲ့ရပြီး တချို့ကလည်း ကြိုကြိုတင်တင်မရှိခဲ့တဲ့အပေါ် အစိုးရကို အပြစ်တင်နေကြပါတယ်။

စည်းမျဉ်းသစ်အရ သြစတြီးယားပြည်သူ ၈.၉ သန်းဟာ တနင်္လာနေ့ မနက်အစောပိုင်းကစပြီး အလုပ်သွားတာ၊ ဈေးဝယ်တာ၊ လေ့ကျင့်ခန်းလုပ်တာကလွဲလို့ နေအိမ်တွေကထွက်ခွာခွင့် မပြုပါဘူး။ သြစတြီးယားနိင်ငံမှာ မဖြစ်မနေ ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ သတ်မှတ်ပြဌာန်းခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါ စတင်ပေါ်ပေါက်ပြီး ၂ နှစ်အကြာမှာ ပြန်လည်စတင်လာတဲ့ ကပ်ဘေးကို တုံ့ပြန်ရာမှာ နိုင်ငံတော်တော်များများဟာ ထိန်းချုပ်မှုအသစ်တွေကို ပြန်လည်ပြုလုပ်နေရပြီး ကာကွယ်ဆေးမထိုးရသေးသူတွေကိုလည်း စားသောက် ဆိုင်နဲ့ အရက်ဘားတွေဆီ သွားရောက်ခွင့်ပိတ်ပင်တာမျိုးတွေလည်း မကြာခဏ လုပ်ဆောင်နေရပါတယ်။

သို့ပေမယ့်လည်း ဥရောပသမဂ္ဂတိုင်းပြည်တွေမှာ ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပြီးကတည်းက နိုင်ငံနဲ့ချီပြီး အသွားအလာကန့်သတ်တာမျိုး ပြန်လည်လုပ်ဆောင်တာတော့ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ နွေတုန်းကတော့ သြစတြီးယား ဝန်ကြီးချုပ် Sebastian Kurz က ဒီကပ်ဘေးကြီး ပြီးဆုံးသွားပြီလို့ကြေညာခဲ့ပါတယ်။

သို့ပေမယ့်လည်း ကာကွယ်ဆေးထိုးနှုန်းတွေက ထပ်တက်မလာဘဲ ပုံမှန်ဖြစ်နေတာရယ်၊ ကူးစပ်သူ အရေးအတွက် စံချိန်သစ်ဖြစ်ပေါ်လာတာရယ်၊ သေဆုံးမှု တဖြည်းဖြည်းမြင့်တက်လာတာရယ်တို့ကြောင့် အစိုးရအနေနဲ့အရင်လို ပြန်လည် ကန့်သတ်လာရတာဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်


------------

{{Unicode}}









#Austria #CovidEnforcement #Pandemic #VOABurmese

XS
SM
MD
LG