သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည် Australia မှာ လက်ခံတော့မည်မဟုတ်


သြစတြေးလျဝန်ကြီးချုပ် ကေဗင်ရပ်ဒ်။
သြစတြေးလျဝန်ကြီးချုပ် ကေဗင်ရပ်ဒ်။
သြစတေးလျနိုင်ငံကို ရောက်လာကြတဲ့ လှေစီးပြေး ဒုက္ခသည်အားလုံးကို အခု အချိန်ကစပြီး တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းမှာရှိတဲ့ Papua New Guinea ကျွန်းနိုင်ငံကို ပို့မယ်လို့ ဝန်ကြီးချုပ် Kevin Rudd က ပြောလိုက်ပါတယ်။

အခုလို သြစတေးလျကိုရောက်လာကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ဆင်းရဲနွမ်းပါးတဲ့ အိမ်နီးချင်း ပါပူဝါနယူးဂီနီကို ပို့ဖို့အတွက် သြစတေးလျနိုင်ငံ အရှေ့ခြမ်း Brisbane မြို့မှာ ဝန်ကြီးချုပ် Kevin Rudd နဲ့ ပါပူဝါနယူးဂီနီဝန်ကြီးချုပ် Peter O’Neill တို့ ဒီကနေ့ သဘောတူ လက်မှတ်ထိုး လိုက်ကြတာပါ။

သြစတေးလျနိုင်ငံကို ရောက်လာကြမယ့် လှေစီးပြေး ဒုက္ခသည်တွေကို ပါပူဝါနယူဂီနီနိုင်ငံက Manus ကျွန်းကိုပို့ပြီး သူတို့ဟာ တကယ့် ဒုက္ခသည်တွေ ဟုတ်မဟုတ် စစ်ဆေးပြီး မှန်ကန်ကြောင်း တွေ့ရှိတော့မှ သြစတေးလျ နိုင်ငံမှာ အခြေချ နေထိုင်ခွင့်ပြုမယ့်အကြောင်း ဝန်ကြီးချုပ် Kevin Rudd က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်တို့လို နိုင်ငံကသူတွေ အင်ဒိုနီးရှားတို့၊ မလေးရှားနိုင်ငံတို့ကတဆင့် ဖြစ်ကတတ်ဆန်း လှေတွေနဲ့ သြစတေးလျနိုင်ငံကို ထွက်လာမှာကို ဟန့်တားဖို့ ကြိုးစားတဲ့အနေနဲ့ အခုလို မူဝါဒသစ်ကို ချမှတ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG