အရှေ့တောင်အာရှ ဝတ္ထုတိုပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ Infinite Variety ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တဲ့ ရုပ်သေးဆရာကြီး ဦးစိန်ခိုင်အကြောင်း နောက်ခံပြု မြန်မာရုပ်သေးပညာအကြောင်း နဲ့ တခြား ထင်ရှားတဲ့ ပြည်သူ့အကျိုးပြု မြန်မာ့သမိုင်းဝတ္ထုတိုများနဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာ၊ မြန်မာ့ဓလေ့များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးသားပြုစုခဲ့တဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ စာပေအရေးအသားနဲ့ ပတ်သက်လို့ အင်္ဂလန်နိုင်ငံ လန်ဒန်ရှိ School of Oriental and African Studies - မြန်မာစာဌာနမှာ ဆရာမဟောင်းတဦးဖြစ်ခဲ့သူ Anna Allott ရဲ့ ပြောဆိုသုံးသပ်ချက် နဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ စာပေဆိုင်ရာ၊ ယုံကြည်ခံယူချက် နဲ့ ဘဝတစိတ်တပိုင်းကို ဒီတပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။