သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဆန္ဒပြပွဲ အာဏာပိုင်တွေထိန်းချုပ်


Champs-Elysees လမ်းပေါ်မှာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးသုံးပြီးလူစုခွဲနေစဉ်။ (ဒီဇင်ဘာ ၈၊၂၀၁၈)

ပြင်သစ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ စည်းမဲ့ ကမ်းမဲ့ ဖြစ်ပေါ်နေ တာကြောင့် ဒါဟာ လုံး၀ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောဆိုနေတဲ့ကြားကဘဲ အခြေအနေတွေကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး Christopher Castaner က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ပါရီမြို့က အထင်ကရ Champs Elysees လမ်းမကြီးပေါ်မှာ ရောင်ပြန် အဝါရောင် အပေါ်အင်္ကျီဝတ် သူတွေ ဝတ်ဆင်ပြီး ချီတက် ဆန္ဒပြနေသူတွေကို သံချပ်ကာကားတွေရဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့ ဝင်တွေက မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအတွင်း လူနေမှုစရိတ်တွေ မြင့်တက်လာနေတဲ့အပေါ် ချီတက် ဆန္ဒပြနေကြတာပါ။

မြို့တော် ပါရီမှာ ချီတက်ဆန္ဒပြသူ အင်အား တသောင်းလောက်ရှိမယ်လို့ ပြည်ထဲရေးဝန်ကြီး Castener က ခန့်မှန်းပြီး ဒီလူတွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စနေနေ့က ဆန္ဒပြကြတဲ့ လူပေါင်း ၁၂၅,၀၀၀ ရဲ့ တစိတ်တဒေသဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူ တထောင်လောက်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၁၇ ဦး အပါအဝင် လူပေါင်း ၁၃၅ ယောက်လောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့လည်း ဝန်ကြီး Castener က ပြောပါတယ်။

သီတင်းပတ် ၄ ပတ်မြောက်အဖြစ် ဆက်တိုက် ဆန္ဒပြနေကြတဲ့အတွက် Eiffel Tower အပါအဝင် နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ အထင်ကရ နေရာတွေကို အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပြီး ထောင်ပေါင်းများစွာသော လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း ချထားပါတယ်။

please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG