သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ အေမရိကန္စင္တာ က်ည္ဆံထိမွန္၊ ထိခိုက္ဒဏ္ရာရမႈမရွိ


အေမရိကန္စင္တာ (ရန္ကုန္) က်ည္ဆံထိမွန္ထားပံု။

Zawgyi/Unicode

ဒီေန႔ မတ္လ ၂၇ ရက္ေန႔လည္ခင္းမွာ ရန္ကုန္မွာရွိတဲ့ American Center အေဆာက္အဦ ေသနတ္နဲ႔ ပစ္ခတ္ခံရေၾကာင္း အေမရိကန္သံ႐ုံး တာဝန္ရွိသူက ေျပာလိုက္ပါတယ္။ အျပည့္အစုံကိုေတာ့ ကိုရန္ႏိုင္က ေျပာျပေပးမွာပါ။

ရန္ကုန္ၿမိဳ႕ တကၠသိုလ္ရိပ္သာလမ္းနဲ႔ အင္းလ်ားလမ္းေထာင့္မွာရွိတဲ့ American Center အေဆာက္အဦ ဒီကေန႔ ေန႔လည္ပိုင္းမွာ ပစ္ခတ္ခံရေပမဲ့ စင္တာမွာရွိတဲ့လူေတြ ထိခိုက္မႈေတာ့မရွိေၾကာင္း အေမရိကန္ သံ႐ုံး သတင္းျပန္ၾကားေရး ေျပာေရးဆိုခြင့္ရွိသူ Aryani Manring က ဗြီအိုေအကို ေျပာပါတယ္။

“ရန္ကုန္က အေမရိကန္စင္တာကို ဒီကေန႔ ပစ္ခတ္ခံရတယ္ဆိုတာ အတည္ျပဳႏိုင္ပါတယ္။ ထိခိုက္ ဒဏ္ရာရတာေတာ့မရွိပါဘူး။ ဒါနဲ႔ပတ္သက္လို႔ စံုစမ္းစစ္ေဆးေနပါတယ္။ ဒီအျဖစ္အပ်က္ကို စံုစမ္း စစ္ေဆးေနတယ္ဆိုတာပဲ အခု ေျပာႏိုင္ပါေသးတယ္။”

ဆႏၵျပသူေတြကို အၾကမ္းဖက္သတ္ျဖတ္ေနတာေတြရပ္တန႔္ဖို႔ အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံေတြက ဖိအားေပးတာေတြ အရွိန္ျမႇင့္လာခ်ိန္ အခုလို အျဖစ္အပ်က္ေတြ ရွိလာတာပါ။

ကမာ႐ြတ္ၿမိဳ႕နယ္ လွည္းတန္းလမ္းမေပၚမွာ ဆႏၵျပရင္း ေသနတ္ထိမွန္ေသဆုံးခဲ့တဲ့ တကၠသိုလ္ ေက်ာင္းသားကို ဂါရဝျပဳတဲ့အေနနဲ႔ အေမရိကန္ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ေသာမတ္စ္ ဗိုက္ဒါနဲ႔ မစၥေအမီ ေဆေဘ့စ္ ႏွစ္ေယာက္က ေသာၾကာေန႔မွာ လြမ္းသူပန္းေခြ သြားခ်ခဲ့ပါတယ္။ အဲဒီေန႔မွာပဲ ႐ုရွား ဒုတိယ ကာကြယ္ေရးဝန္ႀကီး Alexander Fomin ေနျပည္ေတာ္ကို ေရာက္လာခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

ပစ္ခတ္တဲ့ ဘယ္အဖြဲ႕အစည္းက ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ လုပ္ေဆာင္တာျဖစ္ျဖစ္ ဒီအေျခအေနက ႏွစ္ဖက္အဖြဲ႕အစည္းၾကားမွာ ဆက္ဆံေရး ပိုမိုဆိုး႐ြားသြားႏိုင္ေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာေအာင္သိန္းျမင့္က ဗြီအိုေအကို ေျပာပါတယ္။

“အေမရိကန္အစိုးရပိုင္ အေဆာက္အဦးကို က်ည္ထိတာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒါကေတာ့ အေမရိကန္ရဲ႕ အခ်ဳပ္အျခာအာဏာကို တစုံတရာ ထိပါးတယ္ဆိုတဲ့အဓိပၸာယ္ေပါ့ေနာ္။ အဲဒီေတာ့ ျမန္မာ့အေရးမွာ အေမရိကန္က အရင္ကထက္ပိုၿပီး ျမန္ျမန္ သြက္သြက္လက္လက္နဲ႔ဝင္ပါေနတာ ေတြ႕ရတဲ့အတြက္ ဒီလို ပါျခင္းက ပိုၿပီးေတာ့ အရွိန္ျမင့္ေစတာေပါ့။ တရားခံေပၚတယ္ လက္သည္ေပၚတယ္ဆိုရင္ ပစ္တဲ့ ေက်ာေထာက္ေနာက္ခံအဖြဲ႔အစည္း သို႔မဟုတ္ ႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံဆက္ဆံေရးၾကား တင္းမာမႈကေတာ့ ပိုၿပီးေတာ့ ဆိုး႐ြားႏိုင္တာေပါ့။”

တပ္မေတာ္ေန႔လို႔ နစက ေကာင္စီက သုံးႏႈန္းထားတဲ့ မတ္လ ၂၇ ရက္ ဖက္ဆစ္တိုက္ဖ်က္ေရးေန႔ကို စစ္တပ္ကက်င္းပေနခ်ိန္မွာ တႏိုင္လုံးမွာရွိတဲ့ ဆႏၵျပမႈေတြကိုလည္း အၾကမ္းဖက္ၿဖိဳခြဲေနပါတယ္။ ဗြီအိုေအက အၾကမ္းဖ်င္းရထားတဲ့ စာရင္းအရဆိုရင္ဒီေန႔ တႏိုင္ငံလုံးမွာ လူ ၉၀ ထက္မနည္း ေသဆုံးခဲ့ ပါတယ္။ ဒဏ္ရာရသူကေတာ့ ၁၀၀ ေက်ာ္လိမ့္မယ္လို႔ ခန႔္မွန္းထားၾကတာပါ။

တိုက္႐ိုက္ လင့္ခ္


Unicode

ဒီနေ့ မတ်လ ၂၇ ရက်နေ့လည်ခင်းမှာ ရန်ကုန်မှာရှိတဲ့ American Center အဆောက်အဦ သေနတ်နဲ့ ပစ်ခတ်ခံရကြောင်း အမေရိကန်သံရုံး တာဝန်ရှိသူက ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာပါ။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းထောင့်မှာရှိတဲ့ American Center အဆောက်အဦ ဒီကနေ့ နေ့လည်ပိုင်းမှာ ပစ်ခတ်ခံရပေမဲ့ စင်တာမှာရှိတဲ့လူတွေ ထိခိုက်မှုတော့မရှိကြောင်း အမေရိကန် သံရုံး သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ Aryani Manring က ဗွီအိုအေကို ပြောပါတယ်။

“ရန်ကုန်က အမေရိကန်စင်တာကို ဒီကနေ့ ပစ်ခတ်ခံရတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ထိခိုက် ဒဏ်ရာရတာတော့မရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒီအဖြစ်အပျက်ကို စုံစမ်း စစ်ဆေးနေတယ်ဆိုတာပဲ အခု ပြောနိုင်ပါသေးတယ်။”

ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာတွေရပ်တန့်ဖို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ဖိအားပေးတာတွေ အရှိန်မြှင့်လာချိန် အခုလို အဖြစ်အပျက်တွေ ရှိလာတာပါ။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမပေါ်မှာ ဆန္ဒပြရင်း သေနတ်ထိမှန်သေဆုံးခဲ့တဲ့ တက္ကသိုလ် ကျောင်းသားကို ဂါရဝပြုတဲ့အနေနဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး သောမတ်စ် ဗိုက်ဒါနဲ့ မစ္စအေမီ ဆေဘေ့စ် နှစ်ယောက်က သောကြာနေ့မှာ လွမ်းသူပန်းခွေ သွားချခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Alexander Fomin နေပြည်တော်ကို ရောက်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ပစ်ခတ်တဲ့ ဘယ်အဖွဲ့အစည်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ဖြစ် ဒီအခြေအနေက နှစ်ဖက်အဖွဲ့အစည်းကြားမှာ ဆက်ဆံရေး ပိုမိုဆိုးရွားသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်သိန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန်အစိုးရပိုင် အဆောက်အဦးကို ကျည်ထိတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကတော့ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို တစုံတရာ ထိပါးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ အဲဒီတော့ မြန်မာ့အရေးမှာ အမေရိကန်က အရင်ကထက်ပိုပြီး မြန်မြန် သွက်သွက်လက်လက်နဲ့ဝင်ပါနေတာ တွေ့ရတဲ့အတွက် ဒီလို ပါခြင်းက ပိုပြီးတော့ အရှိန်မြင့်စေတာပေါ့။ တရားခံပေါ်တယ် လက်သည်ပေါ်တယ်ဆိုရင် ပစ်တဲ့ ကျောထောက်နောက်ခံအဖွဲ့အစည်း သို့မဟုတ် နိုင်ငံနဲ့ အမေရိကန်နိုင်ငံဆက်ဆံရေးကြား တင်းမာမှုကတော့ ပိုပြီးတော့ ဆိုးရွားနိုင်တာပေါ့။”

တပ်မတော်နေ့လို့ နစက ကောင်စီက သုံးနှုန်းထားတဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တိုက်ဖျက်ရေးနေ့ကို စစ်တပ်ကကျင်းပနေချိန်မှာ တနိုင်လုံးမှာရှိတဲ့ ဆန္ဒပြမှုတွေကိုလည်း အကြမ်းဖက်ဖြိုခွဲနေပါတယ်။ ဗွီအိုအေက အကြမ်းဖျင်းရထားတဲ့ စာရင်းအရဆိုရင် ဒီနေ့ တနိုင်ငံလုံးမှာ လူ ၉၀ ထက်မနည်း သေဆုံးခဲ့ ပါတယ်။ ဒဏ်ရာရသူကတော့ ၁၀၀ ကျော်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။

#MyanamrMilitaryCoup #MyanamrProtest #USMyanmar #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG