သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် အမေရိကန်စင်တာ ကျည်ဆံထိမှန်၊ ထိခိုက်ဒဏ်ရာရမှုမရှိ


အမေရိကန်စင်တာ (ရန်ကုန်) ကျည်ဆံထိမှန်ထားပုံ။
အမေရိကန်စင်တာ (ရန်ကုန်) ကျည်ဆံထိမှန်ထားပုံ။

Zawgyi/Unicode

ဒီနေ့ မတ်လ ၂၇ ရက်နေ့လည်ခင်းမှာ ရန်ကုန်မှာရှိတဲ့ American Center အဆောက်အဦ သေနတ်နဲ့ ပစ်ခတ်ခံရကြောင်း အမေရိကန်သံရုံး တာဝန်ရှိသူက ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာပါ။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းထောင့်မှာရှိတဲ့ American Center အဆောက်အဦ ဒီကနေ့ နေ့လည်ပိုင်းမှာ ပစ်ခတ်ခံရပေမဲ့ စင်တာမှာရှိတဲ့လူတွေ ထိခိုက်မှုတော့မရှိကြောင်း အမေရိကန် သံရုံး သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ Aryani Manring က ဗွီအိုအေကို ပြောပါတယ်။

“ရန်ကုန်က အမေရိကန်စင်တာကို ဒီကနေ့ ပစ်ခတ်ခံရတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ထိခိုက် ဒဏ်ရာရတာတော့မရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒီအဖြစ်အပျက်ကို စုံစမ်း စစ်ဆေးနေတယ်ဆိုတာပဲ အခု ပြောနိုင်ပါသေးတယ်။”

ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာတွေရပ်တန့်ဖို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ဖိအားပေးတာတွေ အရှိန်မြှင့်လာချိန် အခုလို အဖြစ်အပျက်တွေ ရှိလာတာပါ။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမပေါ်မှာ ဆန္ဒပြရင်း သေနတ်ထိမှန်သေဆုံးခဲ့တဲ့ တက္ကသိုလ် ကျောင်းသားကို ဂါရဝပြုတဲ့အနေနဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး သောမတ်စ် ဗိုက်ဒါနဲ့ မစ္စအေမီ ဆေဘေ့စ် နှစ်ယောက်က သောကြာနေ့မှာ လွမ်းသူပန်းခွေ သွားချခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Alexander Fomin နေပြည်တော်ကို ရောက်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ပစ်ခတ်တဲ့ ဘယ်အဖွဲ့အစည်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ဖြစ် ဒီအခြေအနေက နှစ်ဖက်အဖွဲ့အစည်းကြားမှာ ဆက်ဆံရေး ပိုမိုဆိုးရွားသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်သိန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန်အစိုးရပိုင် အဆောက်အဦးကို ကျည်ထိတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကတော့ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို တစုံတရာ ထိပါးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ အဲဒီတော့ မြန်မာ့အရေးမှာ အမေရိကန်က အရင်ကထက်ပိုပြီး မြန်မြန် သွက်သွက်လက်လက်နဲ့ဝင်ပါနေတာ တွေ့ရတဲ့အတွက် ဒီလို ပါခြင်းက ပိုပြီးတော့ အရှိန်မြင့်စေတာပေါ့။ တရားခံပေါ်တယ် လက်သည်ပေါ်တယ်ဆိုရင် ပစ်တဲ့ ကျောထောက်နောက်ခံအဖွဲ့အစည်း သို့မဟုတ် နိုင်ငံနဲ့ အမေရိကန်နိုင်ငံဆက်ဆံရေးကြား တင်းမာမှုကတော့ ပိုပြီးတော့ ဆိုးရွားနိုင်တာပေါ့။”

တပ်မတော်နေ့လို့ နစက ကောင်စီက သုံးနှုန်းထားတဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တိုက်ဖျက်ရေးနေ့ကို စစ်တပ်ကကျင်းပနေချိန်မှာ တနိုင်လုံးမှာရှိတဲ့ ဆန္ဒပြမှုတွေကိုလည်း အကြမ်းဖက်ဖြိုခွဲနေပါတယ်။ ဗွီအိုအေက အကြမ်းဖျင်းရထားတဲ့ စာရင်းအရဆိုရင်ဒီနေ့ တနိုင်ငံလုံးမှာ လူ ၉၀ ထက်မနည်း သေဆုံးခဲ့ ပါတယ်။ ဒဏ်ရာရသူကတော့ ၁၀၀ ကျော်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။

တိုက်ရိုက် လင့်ခ်


Unicode









#MyanamrMilitaryCoup #MyanamrProtest #USMyanmar #WhatIsHappeningInMyanmar #VOABurmese

XS
SM
MD
LG