သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် သြစတြေးလျ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁၆ သန်း ပေးမည်


 သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကြေညာချက်
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကြေညာချက်

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီလိုအပ်နေသူတွေအတွက် သြစတြေးလျဒေါ်လာ ၁၆ သန်း ထပ်မံ ကူညီပံ့ပိုးပေးမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ပဋိပက္ခနဲ့ သဘာ၀ ဘေးအန္တရာယ်ဒဏ်ခံစားနေရသူတွေအတွက် ပညာရေး၊ နေရာထိုင်ခင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အကူအညီတွေကို ကုလသမဂ္ဂအပါအဝင် သြစတြေးလျနိုင်ငံက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေကတဆင့် ကူညီထောက်ပံ့သွားမယ်လို့ ကြေညာချက်မှာဆိုထားပါတယ်။

ရခိုင်ပြည်နယ်တွင်းပေးအပ်မယ့် အကူအညီတွေကို မစ္စတာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာထဲက အကြံပေးချက်တွေအတိုင်း ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်းအရေးပေါ်လိုအပ်နေတဲ့အကူအညီအတွက် ကမ္ဘာ စားနပ်ရိက္ခာအစီအစဉ် WFP ကို သြစတြေးလျနိုင်ငံက ဒေါ်လာ ၂ သန်းပေးအပ်ထားပြီးဖြစ်ပါတယ်။ ၂၀၁၆ ဂျူလိုင်လကစလို့ ဒီကနေ့အချိန်ထိ မြန်မာနိုင်ငံအတွက် သြစတေးလျက ပေးအပ်တဲ့ ကူညီထောက်ပံံ့ငွေ စုစုပေါင်း ဒေါ်လာ ၁၈ သန်းရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG