သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကဦးချိုဒေသ ဒေါ်လာ ၈ ဘီလျံ ထောက်ပံ့ကြေးရ


ကုလအတွင်းရေးမှူးချုပ် Ban Ki-moon အာဖရိကဦးချိုဒေသဖွံ့ဖြိုးရေး အစည်းအဝေးတက်ရောက်စဉ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၄)
ကုလအတွင်းရေးမှူးချုပ် Ban Ki-moon အာဖရိကဦးချိုဒေသဖွံ့ဖြိုးရေး အစည်းအဝေးတက်ရောက်စဉ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၄)

အာဖရိကဦးချိုဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း ၈,၀၀၀ ကျော် ပေးအပ်မယ်လို့ အီသီယိုးပီးယားနိုင်ငံမှာ တနင်္လာနေ့က ကြေညာသွားတဲ့ အစပျိုးလုပ်ဆောင်မှုတခုမှာ ပါရှိပါတယ်။

အီသီယိုပီးယားနိုင်ငံ Addis Ababa မြို့တော်မှာ ဒေသတွင်း ဘဏ္ဍာရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki-moon စီစဉ်ကျင်းပတဲ့ အစည်းအဝေးပွဲမှာ အခုလို ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဘဏ် ၃ ခုက ထောက်ပံ့မယ့် အစီအစဉ်ကို ကြေညာသွားတာပါ။ ဒီထောက်ပံ့မှုတွေကိုတော့ ဂျီဘူတီ၊ အစ်ရီထရီးယား၊ အီသီယိုးပီးယား၊ ကင်ညာ၊ ဆိုမာလီယား၊ တောင်ဆူဒန်၊ ဆူဒန်နဲ့ ယူဂန်ဒါ၊ ဒီ နိုင်ငံ ၈ နိုင်ငံက ရရှိမှာ ဖြစ်ပြီး ဒေသတလွှား ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ အခွင့်အလမ်းတွေပေါ်ပေါက်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂက အများဆုံးပမာဏ ဒေါ်လာ သန်း ၃,၇၀၀ ထည့်ဝင်မှာဖြစ်ပြီး အစ္စလမ်မစ်ဖွံ့ဖြိုးရေးဘဏ်က ဂျီဘူတီ၊ ဆိုမားလီယား၊ ဆူဒန်နဲ့ ယူဂန်ဒါ နိုင်ငံတို့အတွက် ဒေါ်လာသန်းတထောင်ပေးမှာ ဖြစ်ပါတယ်။

အာဖရိကဦးချိုဒေသမှာက မထိရသေးတဲ့ သဘာဝသယံဇာတ အများကြီးရှိသေးပေမယ့် ပဋိပက္ခတွေကြောင့် ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေရသလို နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း နှောင့်နှေးစေတာပါ။

အာဖရိကဦးချိုဒေသက ပြည်သူတွေ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ အာဟာရပြည့် စားသောက်ဖွယ်ရာတွေ စားသုံးနိုင်ဖို့အပြင် ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတို့ ရရှိဖို့အတွက် ဒီလို ငွေကြေးထောက်ပံ့မှုက အထောက်အကူအများကြီးဖြစ်မယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က ပြောပါတယ်။

XS
SM
MD
LG