သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများ နဲ့ နှာခေါင်းသွေးယိုခြင်း


မြန်မာနိုင်ငံမှာ ကလေးငယ်များ နှာခေါင်းသွေးယိုကြတာ အဖြစ်များနေတာမို့ မိဘများအနေနဲ့ ဒီ နှာခေါင်းသွေးယိုမှုမှာ အရေးကြီးတဲ့အချက်တွေကို သိနားလည်းဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုနေကြ ပါတယ်။ နှာခေါင်းသွေးယိုမှု ဖြစ်ရခြင်းအကြောင်းတွေထဲမှာ အဓိက ဖြစ်ရတာက နှာခေါင်းနေရာက အကြောင်းရင်းကြောင့် အဓိက ဖြစ်ရတာမို့ မိဘတွေအနေနဲ့ သိပ်စိုးရိမ်စရာမလိုဘဲ ရှေးဦးသူနာပြုစုနည်း သိထားဖို့ အရေးကြီးပါတယ်။

သို့သော် နှာခေါင်းနေရာက အကြောင်းရင်းကြောင့် မဟုတ်ဘဲ၊ အခြားနေရာတွေမှာ သွေးထွက်တာနဲ့ သက်ဆိုင်တဲ့ တကိုယ်လုံးဆိုင်ရာ ပြဿနာဆိုရင်တော့ အထူးဂရုပြု စစ်ဆေးဖို့ အရေးကြီးပါတယ်။ ဘယ်လို အချက်အခြေအနေတွေကို စောင့်ကြည့်ဖို့ လိုပါလဲ။

ဒီရောဂါပြဿနာအကြောင်း အသေးစိတ်သိရှိဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG