သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ရှိလူသားအတု တီထွင်တော့မည်လော

Chromosome
Chromosome

လုပ်ယူထားတဲ့ DNA တွေကနေ သက်ရှိဆဲလ်တခုကို ဖန်းတီးလိုက်နိုင်ပြီလို့ သက်ရှိ လူသားအတုကို ဖန်တီးအသက် သွင်းနိုင်ဖို့ မဝေးတော့ဘူးလို့ အမေရိကန် သိပ္ပံပညာရှင် တဖွဲ့က ပြောလိုက်ပါတယ်။

လုပ်ယူထားတဲ့ DNA တွေကနေ သက်ရှိဆဲလ်တခုကို ဖန်းတီးလိုက်နိုင်ပြီလို့ သက်ရှိလူသားအတုကို ဖန်တီးအသက် သွင်းနိုင်ဖို့ မဝေးတော့ဘူးလို့အမေရိကန် သိပ္ပံပညာရှင်တဖွဲ့က ပြောလိုက်ပါတယ်။

သက်ရှိဆဲလ်အတုအတွက် ပုလင်း ၄ ပုလင်းစာ ဓါတုအရည်တွေကို အသုံးပြုပြီး Chromosome ကို ဖန်တီးယူခဲ့တာ ဖြစ်တယ်လို့ ဦးဆောင် သုတေသန လုပ်ခဲ့သူ J Craig Venter က ပြောပါတယ်။ အဲဒီ Chromosome ကိုမှ အထူးပြုလုပ်ထားတဲ့ bacterium cell ထဲကို ထည့်သွင်းပြီး သက်ရှိ ဆဲလ်အတုကို ဖန်တီးယူခဲ့တာဖြစ်တယ်လို့သူကပြောပြပါတယ်။

ဒီလို သက်ရှိဆဲလ် အတုကို ဖန်တီးယူတဲ့နေရာမှာ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီမှုရှိမရှိဆိုတာကို ထည့်သွင်းစဉ်းစားပါတယ်လို့ သုတေသန အဖွဲ့က ပြောပါတယ်။ ဒီ မျိုးဗီဇ သုတေသနသစ်နဲ့ပါတ်သက်ပြီး စိုးရိမ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ Friends of the Earth အဖွဲ့က ဖော်ပြ ပြောဆိုပါတယ်။

သုတေသနလုပ်နေသူတွေကတော့ ခုလိုနည်းနဲ့ ဖန်တီးယူတဲ့ ဘက်တီးရီးယား ဆဲလ်တွေကနေ ဆေးဝါးတွေနဲ့ သန့်ရှင်းလောင်စာတွေကို
ဖန်တီး ထုတ်ယူနိုင်ဖို့မျှော်လင့်တယ်လို့ပြောခဲ့ပါတယ်။

This item is part of
XS
SM
MD
LG