သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေးကာလ ရက်စက်မှု ဘင်္ဂလားဒေ့ရှ်သေဒဏ်ပေး


Jamaat-e-Islami ပါတီက Sayedee ကို လွှတ်ပေးဖို့ တောင်းဆိုနေကြစဉ်။
Jamaat-e-Islami ပါတီက Sayedee ကို လွှတ်ပေးဖို့ တောင်းဆိုနေကြစဉ်။
ပါကစ္စတန်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် လွှတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ၁၉၇၁ ခုနှစ်က စစ်ပွဲတွေအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဆင့်မြင့် အစ္စလာမ်မစ် အတိုက်အခံခေါင်းဆောင်တဦးကို ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်ခုံရုံးက သေဒဏ် အပြစ်ပေးလိုက်ပါတယ်။ အဓမ္မပြုကျင့်မှု၊ လူတွေအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုတွေအပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ Jamaat-e-Islami ပါတီက အဆင့်မြင့်ခေါင်းဆောင် Delwar Hossain Sayedee ကို ဒါကာမြို့တရားရုံးက ကြာသပတေးနေ့မှာ စီရင်ချက် ချလိုက်တာပါ။

ဒီစီရင်ီချက်ဟာ တရားမျှတခြင်းမရှိဘူးလို့ Sayedee ရဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောကြားလိုက်ပြီး သူတို့အနေနဲ့ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ Jamaat-e-Islami ပါတီက ကြာသပတေးနေ့မှာ တနိုင်ငံလုံး သပိတ်မှောက်ကြဖို့ တောင်းဆိုထားပြီး Sayedee ကို လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပါကစ္စတန်လက်အောက်က လွှတ်လပ်ရေးရဖို့ ၁၉၇၁ ခုနှစ်အတွင်း ၉ လလောက် တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။
XS
SM
MD
LG