သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဆန္ဒပြသူတွေ အကြမ်းဖက်နှိမ်နင်းခံရ


အရှေ့အလယ်ပိုင်းဆန္ဒပြသူတွေ အကြမ်းဖက်နှိမ်နင်းခံရ
အရှေ့အလယ်ပိုင်းဆန္ဒပြသူတွေ အကြမ်းဖက်နှိမ်နင်းခံရ

ဘာရိန်းနိုင်ငံမှာ အစိုးရစစ်တပ်ရဲ့ တင့်ကားတွေထွက်ခွာအပြီး မကြာခင်အချိန်တွင်းမှာပဲ မာနာမာမြို့တော်က ပုလဲရင်ပြင်မှာရှိတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အခုနောက်ဆုံးဝင်လာတဲ့သတင်းတွေအရ သိရပါတယ်။ ဘာရိန်းနိုင်ငံမှာဖြစ်နေတဲ့ လူထုအုံကြွမှုကိုအဆုံးသတ်ဖို့ ဘုရင် ဟာမတ်က အမျိုးသားရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ ကမ်းလှမ်းတာကို ဘာရိန်းရဲ့ အဓိက အတိုက်အခံ ရှီးအိုက်အဖွဲ့တွေက ပယ်ချခဲ့ပါတယ်။

လက်ရှိအစိုးရ ပထမဆုံးထွက်ပေးပြီးတော့ မြို့တော် မာနာမာရဲ့လမ်းမတွေပေါ်က အစိုးရတပ်ဖွဲ့တွေ ရုပ်သိမ်း ပေးရမယ်လို့ al-Wefaq အဖွဲ့ခေါင်းဆောင် Abdul Jalil ကတောင်းဆိုလိုက်ပါတယ်။ ပြည်သူတွေရဲ့ နိုင်ငံရေး အရ ပိုပြီးတော့ပါဝင်ခွင့်ပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲတွေကို အစိုးရက ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့က ဆန္ဒပြပြည်သူ ၄ ယောက်သေဆုံးပြီးနောက်တနေ့ သောကြာနေ့မှာ အနည်းဆုံးပြည်သူ ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG