သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာရိန်းအစိုးရကူဖို့ ဆော်ဒီတပ်တွေ စေလွှတ်


ဘာရိန်းအစိုးရကူဖို့ ဆော်ဒီတပ်တွေ စေလွှတ်

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ထဲက ဘာရိန်းမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် အုပ်ချုပ်နေတဲ့ အစိုးရရဲ့ လုံခြုံရေး တိုးမြှင့်ဖို့အတွက် ဆော်ဒီအာရေးဗီးယားက စစ်သား ၁,၀၀၀ လောက် ဘာရိန်းထဲကို ရောက်သွားပြီလို့ ဆော်ဒီအာရေးဗီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အစီး ၂၀၀ လောက်ရှိတဲ့ ဆော်ဒီ စစ်ယာဉ်တန်းကြီး ၂ နိုင်ငံ ဆက်ထားတဲ့ နေရာနားမှာ ဖြတ်ကျော်သွားတာကို တွေ့ရတယ်လို့ မျက်မြင်တွေက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

အခုလိုမျိုး ဆော်ဒီအာရေးဗီးယားရဲ့ လုပ်ရပ်ဟာ နိုင်ငံကို ၀င်ရောက် သိမ်းပိုက်တာလို့ ပြောပြီးတော့ ဘာရိန်း အတိုက်အခံတွေက ကြေညာချက်ထုတ်ပြန် ကန့်ကွက်ပါတယ်။

၆ နိုင်ငံပါဝင်တဲ့ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီရဲ့ ဒေသတွင်း တပ်တွေရဲ့ ဆောင်ရွက်မှု တစိတ်တပိုင်းဖြစ်တယ် ဆိုပြီးတော့ ဆော်ဒီအာရေးဗီးယား တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဘာရိန်းအစိုးရဘက်ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။

အစောပိုင်းတုန်းကတော့ အစိုးရ လိုလားတဲ့ ဘာရိန်းနိုင်ငံက အမတ်တွေက စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ရှီးယိုက်လူမျိုး အများစုနေထိုင်တဲ့ ဘာရိန်းမှာ ဆွန်နီအစိုးရ အနေနဲ့ နိုင်ငံရေးထဲမှာ ရှီးယိုက်တွေကို ပိုပြီးတော့ ပါဝင်ခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ အခုလို စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းဖို့အတွက် ဘာရိန်းက အမတ်တချို့က တိုက်တွန်းနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG